Connect with us

Asia

တရုတ်သမ္မတ ရှီကျင့်ဖိန် ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးနန်းတော် အားဖွင့်လှစ်ပေး

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Nguyen Thi Kim Ngan (ဝဲ) တို့အား ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးနန်းတော် ဖွင့်ပွဲ၌တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ နိုဝင်ဘာ ၁၂ရက်တွင် ပြုလုပ်သော ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးနန်းတော် ဖွင့်လှစ်ပွဲ နှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နန်းတော်အား ၁၃,၈၀၀ စတုရန်းမီတာ ရှိသည့် ဧရိယာပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် ထင်ရှားသော စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ သမ္မတ ရှီကျင့်ဖိန် နန်းတော်သို့ရောက်ရှိလာစဉ်တွင် ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Nguyen Thi Kim Ngan က ဝင်ပေါက်၌ ခရီးဦးကြိုပြုခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းများ၏ ကိုယ်စားလှယ်များ နှင့် ဗီယက်နမ်လူငယ်များကလည်း ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ရှီ နှင့် Ngan တို့သည် နန်းတော်အကြောင်း မိတ်ဆက်ထားသည့်ဗွီဒီယိုဖိုင်အား ကြည့်ရှုပြီးနောက် ရှီက “ရွှေရောင်သော့” အား Ngan ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှီ နှင့် Ngan တို့သည် နန်းတော်အတွင်း တည်ရှိသည့် ဟနွိုင်း တရုတ်ယဉ်ကျေးမှု စင်တာကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.