Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် Abu Sayyaf လက်နက်ကိုင် အဖွဲ့အစည်း တိုက်ခိုက်မှု ဖြစ်ပွား ၇ ဦး သေဆုံး

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် Abu Sayyaf လက်နက်ကိုင် အဖွဲ့အစည်း တိုက်ပွဲ ဖြစ်ပွား နေစဉ်(ဆင်ဟွာ)

မနီလာ ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် Abu Sayyaf လက်နက်ကိုင် အဖွဲ့အစည်း တို့ လတ်တလောရက်ပိုင်း အတွင်း တိုက်ခိုက်မှုဖြစ်ပွား ခဲ့ရာ Abu Sayyaf လက်နက်ကိုင် အဖွဲ့အစည်း မှ ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိကာ ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိ တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနောက် Mindanao ကျွန်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ က စက်တင်ဘာ ၁၄ ရက် ညနေပိုင်း အချိန်တွင် ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ က နိုင်ငံ တောင်ပိုင်း Sulu ပြည်နယ် ရှိ ရွာတစ်ရွာ တွင် အင်အား ၁၀၀ ခန့် ရှိသော Abu Sayyaf လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင်များ နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ၊ တိုက်ခိုက်မှု က အချိန် နာရီဝက် ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲ အပြီးတွင် ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ က လက်နက်ခဲယမ်းများ ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း ၊ အစိုးရ တပ်ဖွဲ့ အနေဖြင့် ဆက်လက်၍ ဆုတ်ခွာသွားသည့် လက်နက်ကိုင် အဖွဲ့ဝင် များကို ချီတက် ရှာဖွေတိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။

Abu Sayyaf လက်နက်ကိုင် အဖွဲ့အစည်း က ၁၉၉၀ နှစ်ပိုင်း တွင် စတင် ထူထောင် ခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းဒေသ တွင် အဓိက လှုပ်ရှားမှုများ ဆောင်ရွက်ကာ တိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်လေ့ရှိသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ တိုက်ခိုက်မှုများကြောင့် ယင်း အဖွဲ့အစည်း အနေဖြင့် လက်ရှိချိန်တွင် အင်အားလျော့နည်းသွားပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.