Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းတွင် သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၁၀ ဦးသေဆုံး၊ ၁၂၆ ဦးကယ်ဆယ်ခံရ

KM Fungka Permata သင်္ဘောအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ် ကမ်းရိုးတန်း ပင်လယ်ပြင်တွင် စက်တင်ဘာလ ၁၄ ရက်က ခရီးသည်တင်သင်္ဘောတစ်စင်း မီးလောင်ကာ နစ်မြုပ်မှုဖြစ်ပွားပြီးနောက် လူ ၁၀ ဦး၏ရုပ်အလောင်းအား ကယ်ဆယ်ရေးသမားများက ရှာဖွေတွေ့ရှိခဲ့ပြီး ၁၂၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက စက်တင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

KM Fungka Permata သင်္ဘောသည် Sulawesi ပြည်နယ် Baubau မြို့မှထွက်ခွာလာခဲ့ပြီး ယင်းပြည်နယ် အလယ်ပိုင်း Bangai ဆိပ်ကမ်းသို့ ဦးတည်သွားနေခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sagu ကျွန်း ပင်လယ်ပြင် ပြင်ပအရောက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Bambag Ervan က ပြောကြားခဲ့သည်။

“အဲဒီသင်္ဘောက မီးလောင်သွားခဲ့ပြီးတော့ နောက်ဆုံးမှာ Sagu ကျွန်းရေပြင် ပြင်ပမှာ နစ်မြုပ်သွားခဲ့ပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

သင်္ဘောပေါ်မှ အသက်ရှင်ကျန်ရစ်သူများအားလုံးကို ကူးတို့ဖြင့် Bangai ဆိပ်ကမ်းသို့ စက်တင်ဘာလ ၁၅ ရက်နံနက်ပိုင်းက ပို့ဆောင်ခဲ့ကြောင်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ပျောက်ဆုံးနေဆဲဖြစ်နိုင်သော ပုဂ္ဂိုလ်များအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပင်လယ်ပြင် သယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူးချုပ် R. Agus H. Purnomo က ပြောကြားခဲ့သည်။

ကျွန်းပေါင်း ၁၇,၅၀၀ ကျွန်းဖြင့်ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနို်င်ငံတွင် သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခြင်းသည် တွင်ကျယ်သော ပို့ဆောင်ရေးတစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.