Connect with us

Asia

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူဦးရေ ၉,၅၃၄,၉၆၄ အထိရောက်ရှိလာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ ‌ဓနသဟာယအားကစားကျေးရွာရှိ COVID-19 စောင့်ရှောက်ရေးစင်တာ တစ်ခုကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူအရေအတွက်သည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရောဂါဖြစ်ပွားသူအသစ် ၃၅,၅၅၁ ဦး ရှိခဲ့သဖြင့် ဒီဇင်ဘာ ၃ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၉,၅၃၄,၉၆၄ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးရရှိထားသော အချက်အလက်အရ သိရသည်။

သေဆုံးသူအရေအတွက်အနေဖြင့် ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းမှစ၍ ၅၂၆ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၃၈,၆၄၈ ဦးအထိမြင့်တက်လာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိ COVID-19 ရောဂါဖြစ်ပွားလျက်ရှိသူ ၄၂၂,၉၄၃ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၈,၉၇၃,၃၇၃ ဦးရှိပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ နောက်ဆုံးရ အချက်အလက်များ၌ ဖော်ပြထားသည်။

ထို့ပြင် အိန္ဒိယနိုင်တစ်ဝန်း အစိုးရက COVID-19 စစ်ဆေးရာနေရာများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီဇင်ဘာ ၂ ရက်အထိ စစ်ဆေးမှု စုစုပေါင်း ၁၄၃,၅၅၇,၆၄၇ ခုပြုလုပ်ထားခဲ့ပြီး ဖြစ်ကြောင်း နှင့် ဒီဇင်ဘာ ၂ ရက်နေ့ တစ်ရက်တည်းတွင် စစ်ဆေးမှု ၁,၁၁၁,၆၉၈ ခု ပြုလုပ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (ICMR) ၏ ဒီဇင်ဘာ ၃ ရက်၌ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

အိန္ဒိယ နိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် ယခုနှစ်ကုန်ပိုင်းအထိ နိုင်ငံတကာလေကြောင်းခရီးစဉ် ပျံသန်းမှုများကို ဆက်လက်ဆိုင်းငံ့ထားရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (DGCA) က ဆုံးဖြတ်ထားကြောင်း သိရသည်။ (Xinhua)