ဘန်ကောက် ၊ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) ထိုင်းအစိုးရ၏ နေ့စဉ် အနိမ့်ဆုံးလုပ်ခလစာအားတိုးမြှင့်ပေးရန်အစီအစဉ်ကို ထိုင်းစီးပွားရေးအသင်း အဖွဲ့အများစု၏ ကိုယ်စားလှယ်များက ဆန့်ကျင်ခဲ့ကြသည်ဟု ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပို့ဂျ် အရမ်ဝပ်တာနာနွန့် (Poj Aramwattananont) ကဇူလိုင် ၂၆ ရက်ကပြောကြားခဲ့ကြောင်း သိရသည်။
ကွမ်ဂျူး၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် ၁၈ ကြိမ်မြောက် FINA World Championships ကျင်းပနေသည့် နိုင်ငံအနောက်တောင်ပိုင်း ကွမ်ဂျိုးမြို့တွင် ဇူလိုင်လ ၂၇ ရက် နံနက်အစောပိုင်းက ညကလပ်တစ်ခု၏အတွင်းပိုင်းထပ်ခိုးပြိုကျမှုကြောင့် တောင်ကိုရီးယားနိုင်ငံသား ၂ ဦးသေဆုံး၍ အားကစားသမား ၉ ဦးနှင့် အခြားလူ...
မနီလာ ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ မြောက်ဘက်ဆုံး ရှိ Batanes ပြည်နယ် တွင် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် ပြင်းအား ၅ အထက် ရှိ အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ်...
ဟနွိုင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ အေးခဲထားသော ကျားအသေကောင် ၇ ကောင်အား ကုန်ကူးမှုအတွက် ဗီယက်နမ်နိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်မည်...
ဘန်ကောက် ၊ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က နိုင်ငံတောင်ပိုင်း ပတ်တနီပြည်နယ်အတွင်း ဇူလိုင်လ ၂၃ ရက်ညက လူလေးဦးသေဆုံးခဲ့ရသော လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုအားတိုက်ခိုက်မှုတွင်ပါဝင် ပတ်သက်သည့် လက်နက်ကိုင်များအားရှာဖွေရေးအတွက်ကျယ်ပြန့်သောစစ်ဆင်ရေးများပြုလုပ်သွား ရန် ဇူလိုင်လ ၂၄ ရက်ကအမိန့်ပေးခဲ့ကြောင်းသိရသည်။
ဆိုးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိကျည်ဖူး ၂ ခုအား ဇူလိုင်လ ၂၅ ရက်နံနက်အစောပိုင်းက အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အရ သိရသည်။
ခတ္တမန္ဒူ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း Gulmi ခရိုင်တွင် ဇူလိုင် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ အနည်းဆုံး လူ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ရပ် အပါအဝင် နီပေါတွင် ယခုနှစ် မိုးရာသီကာလအတွင်း သေဆုံးသူသည်...
ဆိုးလ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းရေပိုင်နက်အပေါ်သို့ ကျူးကျော်ပျံသန်းလာသည့် ရုရှားစစ်လေယာဉ်တစ်စင်းအား တောင်ကိုရီးယား တိုက်လေယာဉ်များက ဇူလိုင်လ ၂၃ ရက်က သတိပေးပစ်ခတ်ခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ် (JCS) က ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။
ဗီယင်ကျန်း၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ အနောက်ပိုင်း Phongsaly ပြည်နယ်တွင် အာဖရိကန်ဝက်တုတ်ကွေးရောဂါ ကူးစက်နေကြောင်း Vientiane Times နေ့စဉ်သတင်းစာက ယနေ့(ဇူလိုင် ၂၃ ရက်)တွင် သတင်းဖော်ပြခဲ့သည်။