Connect with us

Australia / Oceania

အန္တာတိကတိုက် ၏ ရေခဲပျော်နှုန်းသည် လွန်ခဲ့သော နှစ် ၄၀ ထက် ၆ဆပိုများလာ

အန္တာတိကတိုက် ရှိ ရေခဲဖုံးလွှမ်းနေသော နေရာတစ်နေရာအားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နှင့် နယ်သာလန်နိုင်ငံမှ သိပ္ပံပညာရှင်များသည် အန္တာတိကတိုက်၌ နှစ်စဉ် ရေခဲအရည်ပျော်မှုသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကထက် ၆ဆ တိုးလာကြောင်း တွေ့ရှိခဲ့ကြသည်။

ဇန်နဝါရီ ၁၄ ရက်ကပြုလုပ်သော အမျိုးသားသိပ္ပံအကယ်ဒမီ၏ အခမ်းအနားတစ်ခု တွင် ထုတ်ပြန်ခဲ့သည့် လေ့လာတွေ့ရှိချက်အရ ရေခဲများအရှိန်ဖြင့် အရည်ပျော်လာမှုကြောင့် ၁၉၇၉ခုနှစ် မှ ၂၀၁၇ခုနှစ်အတွင်း ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်သည် ၁.၂စင်တီမီတာ ကျော် မြင့်တက်လာကြောင်း သိရသည်။

ယင်းသည် ချိုင့်ဝှမ်း ၁၇၆ခုနှင့် ပတ်ဝန်းကျင်မှ ကျွန်းများကို ဖုံးလွှမ်းထားသော အန္တာတိကတိုက်၏ ရေခဲထုအား အချိန်အကြာဆုံး အကဲဖြတ်ခန့်မှန်းမှုဖြစ်ကြောင်း သိရသည်။

သုတေသီများသည် အတွင်းပိုင်းချိုင့်ဝှမ်းများတွင် စုပုံလာသော ဆီးနှင်းများ နှင့် မြေပြင်နှင့်ထိစပ်နေသာ ရေခဲအစိုင်အခဲကြီးများမှ ထွက်လာသည့် ရေခဲများကို နှိုင်းယှဉ်ကြည့်ခဲ့ကြောင်း သိရသည်။

ရေခဲအရည်ပျော်နှုန်းသည် ရာစုနှစ်သစ်တွင် သိသိသာသာတိုးလာခဲ့ကြောင်း၊ ၁၉၇၉ခုနှစ်မှ ၂၀၀၁ခုနှစ် အထိ ဆယ်စုနှစ်တစ်ခုလျှင် နှစ်စဉ် ပျမ်းမျှ ၄၈ ဂစ်ဂါတန် အရည်ပျော်ခဲ့သော်လည်း ၂၀၀၁ခုနှစ်မှ ၂၀၁၇ခုနှစ် အထိ အရည်ပျော်နှုန်းသည် ၂၈၀ရာခိုင်နှုန်းအထိ ခုန်တက်ကာ ၁၃၄ ဂစ်ဂါတန် ဖြစ်လာကြောင်း သိရသည်။

Irvine မြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်ရှိ ကမ္ဘာမြေဆိုင်ရာသိပ္ပံစနစ် ပါမောက္ခ ဖြစ်သူ Eric Rignot က အန္တာတိက၏ ရေခဲလွှာများအရည်ပျော်မှုသည် ဆက်တိုက်ဖြစ်ပွားနေပြီး လာမည့်ရာစုနှစ်များအတွင်း ပင်လယ်ရေမျက်နှာပြင်သည် မီတာများစွာ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.