ဆစ်ဒနီ၊ မေ ၁၇ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံရှိ Taron တောင်၏ အနောက်တောင်ဘက် ၁၂ ကီလိုမီတာတွင် ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်တစ်ခု မေလ ၁၇ ရက်က လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး အဆိုအရသိရသည်။
နယူးယောက် ၊ မေ ၇ ရက်(ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Bulolo ဒေသ၏ အနောက်မြောက် ၃၇ ကီလိုမီတာအကွာ၌ မေ ၆ ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၁၉း၃၇ နာရီတွင် ပြင်းအား ၇.၁ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ဆိုသည်။
ဟောင်ကောင်၊ မေ ၃ ရက် (ဆင်ဟွာ) ဆော်လမွန်ကျွန်းများပေါ်ရှိ ဘူအာလာမြို့ မြောက် အရှေ့မြောက်ဘက် ၁၄၅ ကီလိုမီတာအကွာ၌ မေလ ၃ ရက် ဂရင်းနစ်စံတော်ချိန် ရး၂၅ နာရီတွင် အင်အား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။
နယူးယောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) တောင်ဆန်းဒဝစ်ကျွန်းစုရှိ ဘရစ်စတိုကျွန်း အရှေ့ အရှေ့မြောက်ဘက် ၈၉ ကီလိုမီတာ အကွာတွင် ဧပြီ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၅၃း၅၇နာရီက အင်အား ၆.၇ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ဆူဗာ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သည့် ဖီဂျီနိုင်ငံအနီး ပင်လယ်ပြင်တွင် မတ်လ ၁၀ ရက် ဒေသစံတော်ချိန် ၂၀ နာရီ ၁၂ မိနစ်က ပြင်းအား ၆.၂ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။
ဝယ်လင်တန် ၊ မတ် ၇ ရက် (ဆင်ဟွာ) နယူးဇီလန် တော်ဝင် ဘူမိဗေဒ နှင့် နျူကလီးယား သိပ္ပံ အင်စတီကျု က နိုင်ငံမြောက်ပိုင်း Kermadec ကျွန်းစု အနီး ပင်လယ်ပြင်တွင် မတ်လ ၇ ရက် နံနက်ပိုင်းအချိန် ၌ ပြင်းအား ၆.၄...
ဆစ်ဒနီ ၊ မတ် ၇ ရက်(ဆင်ဟွာ) သြစတြေးလျနိုင်ငံမြောက်ပိုင်း Cardwell မြို့သားများသည် အလျား ၄.၅ မီတာရှိ ရေငံမိကျောင်းကြီး ဘစ်မက်စ်(Bismarch) သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးနေကြကြောင်း သိရသည်။
ဝဲလင်တန် ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ) နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်ဟောင်းဂျင်နီရှစ်ပလီ(Jenny Shipley) သည် နယူးဇီလန်ဒေါ်လာ ၃၆ သန်း(အမေရိကန်ဒေါ်လာ ၂၅ သန်း) ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်ခဲ့ရသည့် အဆောက်အအုံပြိုကျမှုဖြစ်ပွားခဲ့သော Mainzeal အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ၄ ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်နေကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ Namatanaiမြို့ အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြင်းအား ၆.၄အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS)၏ သတင်းများအရ သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်းသိရသည်။
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်ပိုင်း ကမ်းရိုးတန်းအလွန်ရှိ ရေတိမ်ပိုင်းအတွင်းသို့ ဖေဖော်ဝါရီ ၆ ရက် နေ့လည်ပိုင်းက အသေးစားလေယာဉ် (Gyrocopter) တစ်စီး ပျက်ကျခဲ့ရာ လူ ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။