Connect with us

Europe

ဂျာမနီတွင် ကား ၁၀စီး ဆင့်တိုက်၍ လူ၄ ဦး သေဆုံး

ဂျာမနီနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံအနောက်တောင်ပိုင်း တွင် ဇူလိုင် ၂၁ ရက် က ကား ၁၀စီး ဆင့်တိုက်မိခဲ့ရာ လူ ၄ဦး သေဆုံးခဲ့ကြောင်း ဂျာမနီသတင်းဌာန DPA ကဖော်ပြခဲ့သည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က Helibronn မြို့ အနီးရှိ ကားလမ်းတစ်ခုတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရှိသေးကြောင်း DPA ကဖော်ပြခဲ့သည်။

ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိသူများကို အခင်းဖြစ်ပွားရာ၌ပင် ကုသပေးခဲ့ပြီး လူ ၄ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ကယ်ဆယ်ရေးဝန်ထမ်း ၁၀၀ခန့် ရောက်ရှိလာကြောင်း နှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ရဟတ်ယာဉ် ၄စင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.