Connect with us

Europe

တူရကီ နိုင်ငံ သမ္မတ က စက်တင်ဘာ လကုန် တွင် ဆီးရီးယား ၌ လုံခြုံရေး ဧရိယာ တည်ဆောက် မည့် အစီအစဉ် ကို အလုံးစုံ အကောင်အထည် ဖော်သွားမည် ဟုဆို

တူရကီ နိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာ ၅ ရက် ၌ အမေရိကန် နှင့် ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသ တွင် လုံခြုံရေး ဧရိယာ တည်ဆောက်မှု ဆွေးနွေးမှု က တိုးတက်မှု မရှိပါက တူရကီ နိုင်ငံ အနေဖြင့် စက်တင်ဘာ လကုန်ပိုင်း တွင် မိမိ ကိုယ်ကိုယ် လုံခြုံရေး ဧရိယာ တည်ဆောက်ရေး အစီအစဉ် ကို အလုံးစုံ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သမ္မတ က ဝန်ကြီးအဖွဲ့ အစည်အဝေး တွင် တူရကီ နိုင်ငံ အနေဖြင့် စက်တင်ဘာလ နောက်ဆုံး အပတ် တွင် မိမိ ကိုယ်ကိုယ် ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသ တွင် ဆောင်ရွက်မည့် အစီအစဉ် များကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ပြီး ဖြစ်ကြောင်း ၊ Euphrates မြစ် အရှေ့ပိုင်း ဒေသတွင် လုံခြုံရေး ဧရိယာ ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် အီးယူ အဖွဲ့ဝင် နိုင်ငံများ အတွက် ဒုက္ခသည် အမြောက်အများ ကို လက်ခံ နေရာချထား ပေးခဲ့သော်လည်း အီးယူ မှ လုံလောက်သော ထောက်ခံအားပေးမှု ကို မရရှိခဲ့ကြောင်း ၊ ထို့ကြောင့် တူရကီ နိုင်ငံ အနေဖြင့် နယ်စပ် ထိန်းချုပ်မှု ကို ဖြေလျှော့ပေးမည် ဖြစ်ပြီး ဒုက္ခသည်များ ဥရောပ နိုင်ငံ သို့ သွားရောက်မည့် တံခါး အား ဖွင့်လှစ်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ တူရကီ နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်း သို့ အနက်အလျား ၃၂ ကီလိုမီတာ ရှည်လျားသော လုံခြုံရေး ဧရိယာ ကို တည်ဆောက်သွားမည် ဖြစ်ပြီး ယင်း ဧရိယာ အတွင်း အစိုးရ တပ်ဖွဲ့ များ နေရာချထား ကာ Kurds လက်နက်ကိုင် တပ်ဖွဲ့ ကို နှိမ်နင်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။ သို့သော် အမေရိကန် နိုင်ငံ က Kurds လက်နက်ကိုင် တပ်ဖွဲ့ အား မဟာမိတ် တပ်ဖွဲ့ အဖြစ် သတ်မှတ်ထားပြီး လက်နက်ခဲယမ်းများ ကို ထောက်ပံ့ပေးခဲ့သော်လည်း တူရကီ နိုင်ငံ ၎င်း တပ်ဖွဲ့ အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံ အစိုးရ က အမေရိကန် နိုင်ငံ နှင့် တူရကီ နိုင်ငံ တို့ က ၎င်း နိုင်ငံ နယ်နိမိတ် အတွင်း စစ်အင်အား နေရာချထားမှု သည် ဆီးရီးယား နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကို ကျူးလွန်ရာရောက် သည် ဟု ဝေဖန် ပြစ်တင်မှုများ ပြုလုပ် ခဲ့သည်။(Xinhua)