Connect with us

Europe

လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ချက်သံတမန် ၂၀ ဦးကို နိုင်ငံမှ နှင်ထုတ်

မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရုံးချုပ်ရှေ့တွင် ဧပြီ ၁၆ ရက်က ပြည်သူများ ဖြတ်သန်းသွားလာနေစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ချက်ပြည်သူ့သမ္မတနိုင်ငံက ရုရှားသံတမန် ၁၈ ဦးအား နှင်ထုတ်ခဲ့သည်ကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ချက်သံတမန် ၂၀ ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့ နှင်ထုတ်ခြင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံဆိုင်ရာ ချက်သံအမတ်ကြီး Vitezslav Pivonka ထံ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း နှင့် တစ်ချိန်တည်းမှာပင် ချစ်ကြည်ရင်းနှီးမှုကို ဆန့်ကျင်သော ချက်အာဏာပိုင်များ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နှင်ထုတ်ခံရသော ချက်သံတမန် ၂၀ ဦးအနေဖြင့် ရုရှားနိုင်ငံမှ ယခုလ မကုန်မီအပြီးထွက်ခွာသွားရမည်ဖြစ်ကြောင်း ချက်သံအမတ်ကြီးထံ Pivonka ပေးပို့သည့် စာထဲတွင် ဖော်ပြထားသည်။

ထို့ပြင် ချက်နိုင်ငံ ပရက်ဂ်မြို့ (Prague)ရှိ ရုရှားသံရုံးတွင် ထားရှိသော အဆင့်တူ ဌာနေခန့် သံရုံး ဝန်ထမ်း အရေအတွက်အတိုင်း ရုရှားနိုင်ငံမော်စကိုမြို့ရှိ ချက်သံရုံးဝန်ထမ်းများကိုလည်း လျှော့ချပေးရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။

၂၀၁၄ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှု နှစ်ခုတွင် ရုရှားအထူးအေးဂျင့်များ ပါဝင်ပတ်သက်မှုရှိကြောင်း စွပ်စွဲချက်ဖြင့် ဘရက်ဂ်မြို့ရှိ ရုရှားသံရုံးမှ သံဝန်ထမ်း ၁၈ ဦးကို ချက်နိုင်ငံမှ ထွက်ခွာသွားရန် ဧပြီ ၁၇ ရက်တွင် ချက်နိုင်ငံဝန်ကြီးချုပ် Andrej Babis က ပြောကြားခဲ့သည်။

မကြာသေးခင်က ရုရှားနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်ခဲ့သည်ကို လိုက်ပါ ပုံဖော်ရန် နှင့် ချက်အာဏာပိုင်များအနေဖြင့် မကြာသေးခင်နှစ်များက ၎င်းတို့ လုပ်ဆောင်ခဲ့သည့် ရုရှားဆန့်ကျင်ရေးကို ဆက်လက်ဆောင်ရွက်ရန် အခြေအမြစ်မရှိသော လုပ်ကြံဇာတ်လမ်းများကို ဖန်တီးနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။(Xinhua)
——————————————–
(English Version)
Russia expels 20 Czech diplomats in retaliation

MOSCOW, April 18 (Xinhua) — The Russian Foreign Ministry said Sunday that it is expelling 20 staffers of the Czech embassy in Moscow in response to the expulsion of 18 Russian diplomats from the Czech Republic.

The ministry said in a statement that it summoned the Czech ambassador to Russia Vitezslav Pivonka and strongly protested against the unfriendly act of Czech authorities.
Pivonka was informed that these 20 people from the Czech embassy must leave Russia by the end of Monday.

The ministry also required the Czech embassy to reduce the number of locally hired staffers to the same level as that of the Russian embassy in Prague.
Czech Prime Minister Andrej Babis said Saturday that the country was expelling 18 staffers from the Russian embassy in Prague for the alleged involvement of the Russian special services in two ammunition depot explosions in 2014.

The Russian Foreign Ministry said earlier on Sunday that Czech authorities used “unfounded and far-fetched pretexts” to continue their anti-Russian tirade in recent years and to please the United States following recent U.S. sanctions against Russia.
People cross the road in front of the Ministry of Foreign Affairs of Russia in Moscow, on April 16, 2021. (Xinhua/Evgeny Sinitsyn)