Connect with us

Europe

ကနေဒါတွင် အိမ်မီးလောင်မှုကြောင့် ၃ဦးသေ၊ ၇ဦးဒဏ်ရာရရှိ

လူ၃ဦးသေဆုံးခဲ့သည့် ဟမ်မယ်လ်တန်မြို့မှ အိမ်မီးလောင်မှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုရွန်းတို၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဟမ်မယ်လ်တန်မြို့ တွင် အိမ်များမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့၍ လူ ၃ဦးသေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူများက သြဂုတ် ၆ ရက် တွင် ပြောကြားသည်။

ဟမ်မယ်လ်တန်မြို့ မီးသတ်သမားများက သြဂုတ် ၆ရက် နံနက်အစောပိုင်းတွင် မြို့၏ မြစ်ကမ်းနား စက်မှုဇုန် အနီးရှိ အိမ်တစ်လုံးတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီးနောက် ကျန်ကပ်လျက် အိမ်နှစ်လုံးကိုပါ မီးကူးဆက် လောင်ကျွမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
မီးတောက်များ ငြိမ်းသွားချိန်၌ မီးသတ်သမားများသည် အိမ်အတွင်း၌ လူ ၃ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး ၎င်းတို့၏ အသက်၊ လိင် နှင့် အမည်တို့ကိုမူ မထုတ်ပြန်သေးကြောင်း သိရသည်။
မီးသတ်ဋ္ဌာနက မီးလောင်မှုဖြစ်ပွားချိန်၌ အိမ်များအတွင်း နေထိုင်သူ ၁၁ဦးရှိနေပြီး ၇ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးရုံသို့ပို့ဆောင်ထားကာ တစ်ဦးသာလျှင်မည်သည့်ဒဏ်ရာမျှရရှိခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် အမှတ်၇၀ နိုင်ရာဂရာလမ်း ၌ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ခန့်မှန်းခြေ ကနေဒါဒေါ်လာ ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၂,၀၀၀) ခန့်ရှိကြောင်း သိရသည်။
အွန်တာရီအို ပြည်နယ်ဆိုင်ရာ မီးသတ်အကြီးအကဲ သည် မီးလောင်မှု သတင်းအား ကြားသိပြီးနောက် အခင်းဖြစ်ပွားရာသို့ လာရောက်ခဲ့ကြောင်းနှင့် မီးစတင်လောင်ကျွမ်းရခြင်းအကြောင်းရင်းကို မသိရှိသေးကြောင်း သိရသည်။
ဟမ်မယ်လ်တန်မြို့သည် တိုရွန်းတိုမြို့နှင့် နိုင်ရာဂရာ ရေတံခွန်အကြားတည်ရှိသည့် ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး McMaster တက္ကသိုလ်တည်ရှိရာမြို့လည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.