Connect with us

Europe

ခွဲထွက်ရေးခေါင်းဆောင်ကို လုပ်ကြံရန်ကြိုးစားခြင်းမှာ မိမိတို့လက်ချက်မဟုတ်ဟု ယူကရိန်းငြင်းဆို

ယူကရိန်း ခွဲထွက်ရေးခေါင်းဆောင် Igor Plotnytsky အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိဗ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Lugansk ဒေသအား ယူကရိန်းနိုင်ငံမှ ခွဲထုတ်၍ သီးခြားလွတ်လပ်သော နိုင်ငံတစ်ခု တည်ထောင်ရန်ကြိုးပမ်းနေသည့် ယူကရိန်း ခွဲထွက်ရေး ထိပ်တန်းခေါင်းဆောင် Igor Plotnytsky လုပ်ကြံရန်ကြိုးစားသည့်ကိစ္စတွင် ယူကရိန်း အစိုးရ အနေဖြင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အစိုးရတာဝန်ရှိသူများက ငြင်းဆိုလိုက်သည်။

“ ခွဲထွက်ရေးခေါင်းဆောင်ကို လုပ်ကြံတဲ့ကိစ္စမှာ ယူကရိန်းအစိုးရ ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပါဘူး။ အဲဒီလို လုပ်ကြံလိုက်ရုံနဲ့ ပြဿနာတွေ ချုပ်ငြိမ်းသွားမှာ မဟုတ်သလို ယုတ္တိလည်း မရှိပါဘူး” ယူကရိန်းစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် Olexandr Motuzyanyk က သြဂုတ် ၆ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
Plotnytsky သည် ၎င်း၏ ကားအနီး၌ သြဂုတ်လ ၆ ရက်နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ် အနှံ ထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုမှာ မတည်ငြိမ်မှုများဖြစ်ပွားလျက် ရှိသည့် Lugansk ဒေသ၏ သတင်းဆက်သွယ်ရေးဌာန ရှေ့၌ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲစေသည့် ပစ္စည်းမှာ ၁ဝ မှ ၁၅ ကီလိုဂရမ်ထိရှိ တီအန်တီဗုံး နှင့် ညီမျှကြောင်း နှင့် ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် လူဂန့်စ်မြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲစေသည့် အရာဝတ္တုကို Plotnytsky ၏ ကားရပ်ထားရာ ဓာတ်မီးတိုင်အနီး၌ ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ၊ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Xinhua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.