Connect with us

Europe

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဘိုလီးဗီးယားနိုင်ငံ ပါဝင်လာ

ဘိုလီးဗီးယားနိုင်ငံ သမ္မတ Evo Morales အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လားပတ်စ်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

ဘိုလီးဗီးယားနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံအဖြစ် ဒီဇင်ဘာလ ၃၁ ရက်က ပါဝင်လာပြီ ဖြစ်ကြောင်း ဘိုလီးဗီးယား သမ္မတ Evo Morales က ကြေညာလိုက်သည်။

“လုံခြုံရေး ကောင်စီကနေ ကမ္ဘာ့ လူသားများအတွက် ဘိုလီးဗီးယားက ပြောကြားခွင့်ရရှိမှာ ဖြစ်သလို ကျူးကျော် နှောင့်ယှက်သူများ သို့မဟုတ် ကျူးကျော်မှုများ မရှိတဲ့ ကမ္ဘာကြီး အဖြစ် တည်ဆောက်ရာမှာ ဘိုလီးဗီးယားက ပါဝင်ခွင့်ရရှိတော့မှာ ဖြစ်တယ်” ဟု Morales က ၎င်း၏ တွစ်တာ အကောင့်တွင် ရေးသားထားသည်။

ဘိုလီးဗီးယားနိုင်ငံသည် ကိုလံဘီးယာ ငြိမ်းချမ်းရေးနှင့် ဟေတီနိုင်ငံ ဖွံ့ဖြိုးရေး ကဲ့သို့သော ဒေသတွင်း ရေးရာများ သာမက ဆာဟာရအနောက်ပိုင်းနှင့် ပါလက်စတိုင်း စသည့် နိုင်ငံတကာ ရေးရာများတွင်ပါ ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဘိုလီးဗီးယား သံအမတ်က တွစ်တာ၌ ရေးသားထားသည်။

Morales အစိုးရသည် လုံခြုံရေး ကောင်စီ၌ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်း အားနည်းမှုအတွက် မကြာခဏ ဝေဖန်မှု ပြုခဲ့သည့် နိုင်ငံ ဖြစ်သည်။

ဘိုလီးဗီးယားနိုင်ငံသည် ယခုနေရာတွင် ၁၉၆၄-၁၉၆၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၈-၁၉၇၉ ခုနှစ်တွင် တစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအကြိမ်သည် တတိယမြောက် ဖြစ်သည်။ ယခုနှစ်တွင် အမြဲတမ်း အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများအဖြစ် အီသီယိုးပီးယား၊ အီတလီ၊ ကာဇက်စတန်နှင့် ဆွီဒင်နိုင်ငံများနှင့် အတူ ပါဝင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.