Connect with us

Europe

ရုရှား သမ္မတ ပူတင် မှ ရုရှား နိုင်ငံ သည် တူရကီ နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ယုံကြည်ရသော မိတ်ဆွေ ဖြစ်ကြောင်း ပြောကြား

အကြမ်းဖက်မှု တိုက်ခိုက်ခံရသည့် တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့၏ နိုက်ကလပ် အနီး ရဲများ လုံခြုံရေး တာဝန် ယူနေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံ သမ္မတ ပူတင် သည် ဇန်နဝါရီ လ ၁ ရက်နေ့တွင် အစ္စတန်ဘူလ် အကြမ်းဖက်တိုက်ခိုက်ခံရမှု နှင့် ပတ်သက်၍ တူရကီ နိုင်ငံ သမ္မတ အာဒိုဂန် ထံသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့ပြီး ရုရှား နိုင်ငံ သည် တူရကီ နိုင်ငံ ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး တွင် ယုံကြည်ရသော မိတ်ဆွေ ဖြစ်ကြောင်း ကို ထပ်မံ ပြောကြား ခဲ့သည်။ရုရှား သမ္မတရုံး သတင်း ဝက်ဘ်ဆိုဒ် ဖော်ပြချက်အရ ရုရှား သမ္မတ ပူတင် မှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် နှစ်သစ်ကူး ကဲ့သို့သော် အချိန်အခါ မျိုးတွင် သာမန်ပြည်သူလူထု တို့ကို သတ်ဖြတ် သည့် လုပ်ရပ် ထက် ပိုမို စက်ဆုပ်ဖွယ် ကောင်းသည့် လုပ်ရပ်မျိုးကို စဉ်းစား၍ မရကြောင်း ၊ အကြမ်းဖက် သမား များသည် လူသားတို့၏ ကိုယ်ကျင့်တရား နှင့် လုံးဝ ကိုက်ညီမှု မရှိကြောင်း ၊ ကျွနု်ပ် တို့၏ အတူတကွ တာဝန် မှာ အကြမ်းဖက် မူဝါဒ များ၏ ဆောင်ရွက်မှု များကို ခိုင်မြဲစွာ တုံ့ပြန်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရုရှား သမ္မတ ပူတင် က အကြမ်းဖက် သမားများ နှင့် တိုက်ပွဲ တွင် ရုရှား နိုင်ငံ သည် ယခင် က တူရကီ နိုင်ငံ ၏ ယုံကြည်ရသော မိတ်ဆွေ နိုင်ငံ ဖြစ်ပြီး ယခု လက်ရှိလည်း တူရကီ နိုင်ငံ ၏ ယုံကြည်ရသော မိတ်ဆွေ နိုင်ငံ ဖြစ်ကြောင်း ကို ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ ၏ အကြီးဆုံးမြို့ဖြစ်သည့် အစ္စတန်ဘူလ် မြို့၏ နိုက်ကလပ် တစ်ခု တွင် ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်း တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၃၉ ဦး သေဆုံးကာ ၆၉ ဦး ဒဏ်ရာရရှိ ခဲ့သည်။လက်ရှိချိန်တွင် ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီး နိုင်ခဲ့ခြင်း မရှိသေးဘဲ စုံးစမ် ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.