Connect with us

Europe

ဒုက္ခသည်များအတွက် ကျန်းမာရေး စစ်ဆေးမှု ဆွီဒင် စတင်

ဆေးဘက်ဆိုင်ရာ အသက်အရွယ် အကဲဖြတ်မှု ခံယူရန် စောင့်ဆိုင်းနေသည့် ဒုက္ခသည်များနှင့် ဆွီဒင် လုံခြုံရေး ဝန်ထမ်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စတော့ခ်ဟိုးလ်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဆွီဒင်နိုင်ငံတွင် ၂၀၁၇ ခုနှစ် ပထမ သုံးလပတ်အတွင်း ဒုက္ခသည်များ ဆေးဘက်ဆိုင်ရာ အသက် အရွယ် အကဲဖြတ်မှု ပြုလုပ်မည် ဖြစ်ပြီး ယင်းသို့ စစ်ဆေးမှု ခံယူရန် လူ ၁၄,၀၀၀ က စောင့်ဆိုင်းနေကြောင်း ဆွီဒင် ရုပ်မြင်သံကြားက ဇန်နဝါရီလ ၂ ရက်က ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်၌ ဆွီဒင်နိုင်ငံသို့ လာရောက်ခဲ့သည့် ဒုက္ခသည် ၃၅,၀၀၀ ဦး ရှိခဲ့ပြီး လက်ရှိတွင် ခိုလှုံခွင့် လျှောက်ထားသူ ၂၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းသွားလာရေး အေဂျင်စီက ဆောင်ရွက်နေကြောင်း သိရသည်။

၎င်းတို့အနက် အများစုမှာ အသက်အရွယ် အကဲဖြတ်နိုင်ရန် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ရန် လိုအပ်နေကြောင်း ရွှေ့ပြောင်းသွားလာရေး အေဂျင်စီ ဆက်သွယ်ရေး ယာယီ ညွှန်ကြားရေးမှူး Fredrik Bengtsson ၏ ပြောကြားချက်အား ကိုးကား၍ ဆွီဒင် ရုပ်မြင်သံကြားက သတင်း တင်ပြထားသည်။

ဆေးဘက်ဆိုင်ရာ အကဲဖြတ်မှုတွင် ဒူးခေါင်း အဆစ်အား MRI စကင်န် ဖတ်ခြင်းနှင့် အံဆုံးများကို X-Ray ရိုက်ခြင်း စသည်တို့ ပါဝင်သည်။

အဆိုပါ စမ်းသပ်မှုများအား သွားဆရာဝန် နှစ်ဦး၊ ဆေးဘက်ဆိုင်ရာ ဆရာဝန် နှစ်ဦးတို့က လုပ်ဆောင်ပေးမည် ဖြစ်ပြီး ရလဒ်များကို မှုခင်း ဆေးပညာဆိုင်ရာ အမျိုးသား ဘုတ်အဖွဲ့အား စုစည်းတင်ပြထားမည် ဖြစ်သည်။

ခိုလှုံခွင့် တောင်းခံလာသူ တစ်ဦးသည် အသက် ၁၈ နှစ်အောက် ဖြစ်သည်ဟု ပြောဆိုထားသော်လည်း သက်သေ အထောက်အထား တစ်စုံတစ်ရာ သို့မဟုတ် ၎င်း၏ အသက်အရွယ်အား သက်သေ မပြနိုင်သူူများ အနေဖြင့် စုံစမ်းစစ်ဆေးမှု ခံယူရမည် ဖြစ်သည်။

ခိုလှုံခွင့် လျှောက်ထားသူများအနေဖြင့် ဆေးဘက်ဆိုင်ရာ အသက်အရွယ် အကဲဖြတ်မှု လုပ်ဆောင်မည့် အကြောင်းနှင့် ပတ်သက်၍ စဉ်းစားနိုင်ရန် အကြောင်းကြားထားပြီး ဖြစ်သည်။ အချို့ စမ်းသပ်မှုများအား ခိုလှုံခွင့် တောင်းခံသူများ၏ သဘောတူညီချက် မရရှိလည်း လုပ်ဆောင်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.