Connect with us

Europe

ဂါဘရီရယ် ဂျီးဇက်ကို မန်စီးတီးသို့ ရောင်းရန် ပါးလ်မီးရက်စ် သဘောတူ

ပါးလ်မီးရက်စ် ကလပ်အသင်း၏ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဇက်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရီယို ဒီဂျနေးရိုး၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ဘရာဇီး ဘောလုံးကလပ် ပါးလ်မီးရက်စ် (Palmeiras) ၏ တိုက်စစ်မှုး ဆယ်ကျော်သက် ဂါဘရီရယ် ဂျီးဇက် (Garbriel Jesus) အား ပြောင်းရွှေ့ကြေး ယူရို ၃၂ သန်းဖြင့် မန်ချက်စတာ စီးတီးအသင်းက ခေါ်ယူမည့် ကမ်းလှမ်းချက်အား ပါးလ်မီးရက်စ်က လက်ခံခဲ့ကြောင်း ဘရာဇီးနိုင်ငံအတွင်းရှိ မီဒီယာများက ဇူလိုင်လ ၂၉ ရက်၌ ဖော်ပြထားသည်။

သို့သော်လည်း နောက်လတွင် ပြုလုပ်မည့် ရီဒို အိုလံပစ်ပွဲ၌ ပထမဆုံး ရွှေတံဆိပ်ဆုရရန် ဘရာဇီးနိုင်ငံက မှန်းထားသည့် အတွက် အသင်းအတွက် အရေးပါသည့် ကစားသမား ဂါဘရီရယ် ပြောင်းရွှေ့ရန် အတွက် အိုလံပစ်ပွဲ ပြီးမှ စာချုပ်အပြီး ချုပ်ဆိုမည် ဖြစ်သည်။

ဂါဘရီရယ် အနေဖြင့် လက်ရှိ ဘရာဇီး ဘောလုံး ရာသီ ကုန်ဆုံးပြီးနောက် ဇန်နဝါရီလအထိ ပရီးမီးယားလိဂ် ပွဲစဉ်များ၌ ပါဝင်နိုင်ဦးမည် မဟုတ်ပေ။

ဂါဘရီရယ်သည် ဘရာဇီး စီးရီးအေ ချန်ပီယံရှစ် ထိပ်တန်း ဘောလုံးသမား တစ်ဦးဖြစ်ပြီး ယခုရာသီအတွင်း ၁၄ ပွဲတွင် ၁၀ ဂိုး သွင်းယူထားသူလည်း ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် ဘောလုံးသမား ဂါဘရီရယ်ကို ခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက်၊ ဘာစီလိုနာနှင့် ရီးယဲ မက်ဒရစ်အသင်း အပါအဝင် အခြား ဘောလုံးကလပ်များကလည်း ကမ်းလှမ်းထားခဲ့ကြောင်း သိရသည်။ (Xinhua)