Connect with us

Europe

လန်ဒန်တွင် မိုးပျံရဟတ်ပေါ်၌ ပိတ်မိနေသူ ၁၉ ဦးအား မီးသတ်သမားများက ကယ်ထုတ်ပေးခဲ့ရ

မိုးပျံရဟတ်ပေါ်၌ ပိတ်မိနေသူများအား ကယ်ထုတ်နေကြစဉ် (ဓာတ်ပုံ- အင်တာနက်)

လန်ဒန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

လန်ဒန်မြို့လယ်က Southbank ခရိုင်အတွင်းရှိ မြေပြင်မှ ၂၁ မီတာ (၆၉ ပေဝန်းကျင်) အကွာ မိုးပျံရဟတ်တွင် ပိတ်မိနေသည့် လူကြီးနှင့် ကလေး ၁၉ ဦးအား မီးသတ်သမားများက ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ ၃၁ ရက် ဒေသစံတော်ချိန် ည ၆း၀၀ နာရီအချိန်က နည်းပညာ ချို့ယွင်းမှုကြောင့် အဆိုပါ မိုးပျံရဟတ် သည် လေထဲ၌ ရပ်တန့်သွားခဲ့ကာ လူကြီးနှင့် ကလေးများ အပါအဝင် လူ ၁၉ ဦး ပိတ်မိသွားခဲ့သည်။ မီးသတ် သမား ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မိုးပျံလှေကားများဖြင့် ပိတ်မိနေသူများအား အောက်သို့ ချပေးခဲ့ရ ကြောင်း Sky News သတင်း၌ ဖော်ပြထားသည်။
ပိတ်မိနေသူများအား သုံးနာရီကြာ ကယ်ထုတ်ခဲ့ရပြီး ဒေသစံတော်ချိန် ည ၉း၄၅ နာရီခန့်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.