Connect with us

Europe

ဂျာမနီ နိုင်ငံ အနေဖြင့် အီးယူ မှ ရုရှား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု တိုးချဲ့ဆောင်ရွက်မည့် အပေါ် မထောက်ခံကြောင်း ပြောကြား

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) က ဇွန်လ ၁၈ ရက် ၌ ဂျာမနီ နိုင်ငံ အနေဖြင့် ဥရောပ သမဂ္ဂ (EU) မှ ရုရှား နိုင်ငံ အား စီးပွားရေး အရ ပိတ်ဆို့အရေးယူမှု တိုးချဲ့ ဆောင်ရွက် မည့် အပေါ် မထောက်ခံကြောင်း ပြောကြား ခဲ့သည်။

မာကယ် က ယခု အပတ်တွင် ကျင်းပ ပြုလုပ်မည့် အီးယူ ထိပ်သီး အစည်းအဝေး တွင် ဂျာမနီ နိုင်ငံ အနေဖြင့် အီးယူ မှ ရုရှား နိုင်ငံ အား ပိတ်ဆို့အရေးယူမှု ဆက်လက်ဆောင်ရွက်ခြင်း အပေါ် ထောက်ခံအားပေးသွားမည် ဖြစ်ပြီး ပိတ်ဆို့အရေးယူမှု တိုးချဲ့ ဆောင်ရွက်ခြင်း ကိုမူ ထောက်ခံပေးမည် မဟုတ်ကြောင်း ၊ ယူကရိန်း နိုင်ငံ ၏ အချုပ်အခြာ အာဏာ နှင့် နယ်မြေပြည့်စုံမှု ပြန်လည် ရရှိခြင်း မရှိပါက အနောက်နိုင်ငံ များ က ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အား ပယ်ဖျက် မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် ဇူလိုင် လ တွင် အီးယူ က ရုရှား နိုင်ငံ မှ ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ အား မတည်ငြိမ်အောင် ပြုလုပ်သည် ဟု ဆိုကာ ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု စတင် ဆောင်ရွက်ခဲ့ကြောင်း ၊ အီးယူ က ၂၀၁၅ ခုနှစ် ၌ ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမည့် အချိန်ကာလ မှာ Minsk သဘောတူညီချက် လက်တွေ့အကောင်အထည် ဖော် နိုင်သည့် အချိန် ထိ ဖြစ်သည် ဟု ထုတ်ပြန်ကြေညာ ခဲ့ကြောင်း ၊ အီးယူ အနေဖြင့် Minsk သဘောတူညီချက် က အလုံးစုံ အကောင်အထည် ဖေါ်နိုင်ခဲ့ခြင်း မရှိကြောင်း သတ်မှတ် ခဲ့ပြီး ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အား အကြိမ်ကြိမ် ကာလ တိုးမြှင့် ခဲ့ကြောင်း သိရှိရသည်။(Xinhua)