Connect with us

Europe

တူရကီ၏ မအောင်မြင်သော အာဏာသိမ်းခေါင်းဆောင်များ အပြစ်ပေးခံရ

တူရကီနိုင်ငံတွင်မအောင်မြင်သည့် အာဏာသိမ်းမှုနှင့်ဆက်စပ် နေသည်ဟု သံသယရှိရသူတစ်ဦးအား ရုံးတင်စစ်ဆေးရန်ခေါ်ဆောင်လာသည် ကို တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

တူရကီတရားရုံးတစ်ရုံးက ၂၀၁၆ ခုနှစ်ကဖြစ်ပွားခဲ့သောမအောင်မြင်သည့် အာဏာသိမ်းမှုနှင့်ဆက်စပ် နေသည်ဟု သံသယရှိရသူ ၂၂၀ ဦးကို ကြီးမားသောပြစ်ဒဏ်စီရင်ချက်များ ဇွန်လ ၂၀ ရက်ကချမှတ်ခဲ့ ကြောင်း သိရသည်။

တရားရုံးက တူရကီစစ်တပ်မှအဆင့်မြင့်အရာရှိဟောင်း ၁၇ ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်များအ သီးသီးချမှတ်ခဲ့ကြောင်းလည်း နိုင်ငံပိုင် Anadolu သတင်းဌာနကပြောခဲ့သည်။တရားခံများအား ဖွဲ့စည်း ပုံအခြေခံဥပဒေကိုချိုးဖောက်မှု၊ အင်အားနှင့်အကြမ်းဖက်မှုတို့ဖြင့် တူရကီပါလီမန်နှင့်အစိုးရအားဖြုတ်ချ ရန် ကြိုးစားခဲ့မှုနှင့် ၂၀၁၆ ခုနှစ်ဇူလိုင်လ အတွင်း လူ ၂၅၁ ဦးသေဆုံးခဲ့သောဖြစ်ရပ်များအတွင်းသမ္မတ ကိုလုပ်ကြံရန် အားထုတ်ခဲ့မှုများဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အန်ကာရာမြို့တော်၏ မြို့ဆင်ခြေဖုံးတစ်ခုဖြစ်သော ဆင်ကင် ရှိအကျဉ်းထောင်ဝင်းအတွင်းနိုင်ငံ၏အ ကြီးဆုံးတရားရုံးလည်း ဖြစ်သည့် အာဏာသိမ်းမှုနှင့်ဆက်စပ်နေသည့်အမှုများအတွက ်အထူးတည် ဆောက်ထားသောတရားရုံး၌ အမှုများစစ်ဆေးခဲ့ခြင်းဖြစ်သည်။

တူရကီလေတပ်ဦးစီးချုပ်ဟောင်း အကင် အော့ဇ်တာ့က် (Akin Ozturk) အပါအဝင်စုစုပေါင်းစစ်ဗိုလ် ချုပ်ကြီး ၂၆ ဦးအား ဆိုးရွားလှသောမအောင်မြင်သည့်အာဏာသိမ်းမှုအားခေါင်းဆောင်ခဲ့မှုဖြင့်တရားစွဲ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် မီမက် ဒစ်စလီ(Mehmet Disli) ကို လည်းထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြစ်ပေးခဲ့ကြောင်းသိရသည်။

သံသယရှိစွပ်စွဲခံရသူများအနက် ၁၇၆ ဦးမှာထောင်ချဖမ်းဆီးထားခြင်းခံရကာ ၃၅ ဦးမှာ အမှုစစ်ဆေး ရန် အာမခံဖြင့်စောင့်ဆိုင်းနေကြရပြီး အမေရိကန်နိုင်ငံရှိ ခရစ်ယန်ဘုန်းတော်ကြီးဖက်တူလာ ဂူလန် အပါအဝင် ၁၃ ဦးအား ဝရမ်းပြေးများအဖြစ်ကြေညာထားသည်။တူရကီအစိုးရကလည်း ဂူလန် အား တူရကီအစိုးရအားဖြုတ်ချရန်ကြိုးစားခဲ့သူ အဖြစ်စွပ်စွဲထားပြီး ၎င်းအား တူရကီနိုင်ငံသို့ပြန်လည်လွှဲ ပြောင်းပေးရန် အမေရိကန်အစိုးရအားတောင်းဆိုထားသည်။

အဆိုပါအာဏာသိမ်းရန်ကြိုးစားခဲ့မှုအတွက်သံသယရှိရသူ ထောင်နှင့်ချီ၍ဖမ်းဆီးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.