Connect with us

Europe

နယူးဇီလန်နိုင်ငံတွင် လေယာဉ်ငယ်နှစ်စီးတိုက်မိမှု ဖြစ်ပွား ၊ လေယာဉ်မှူး ၂ ဦးစလုံးသေဆုံး

နယူးဇီလန်တွင် ယခင်က ပျက်ကျမှုဖြစ်ပွားခဲ့သည့် လေယာဉ်ငယ်တစ်စီးအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝယ်လင်တန်၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ မြောက်ဘက်ကျွန်း Masterton အနီးတွင် ဇွန် ၁၆ ရက်က လေယာဉ်ငယ်နှစ်စီး တိုက်မိမှုဖြစ်ပွားရာ လေယာဉ်မှူး နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း နယူးဇီလန် ရဲတပ်ဖွဲ့က ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လေယာဉ်နှစ်စီးတိုက်မိချိန်တွင် ကျယ်လောင်သည့် အသံကို ကြားလိုက်ရကြောင်း ၊ လေယာဉ် အပိုင်းအစများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး မီးများလောင်ကျွမ်းခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ဆိုသည်။ အဆိုပါလေယာဉ်နှစ်စီးသည် ဝယ်လင်တန်လေဆိပ်သို့ အပြန် မြေပြင်ပေါ်သို့ ဆင်းသက်စဉ် လေယာဉ်ချင်းတိုက်မိခြင်းဖြစ်ကြောင်း အခြားမျက်မြင်သက်သေတစ်ဦးကဆိုသည်။

အချင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာက ဆိုသည်။အချင်းဖြစ်ရပ်မှာ ပြီးခဲ့သောနှစ်ရက်အတွင်း နယူးဇီလန်၌ ဖြစ်ပွားသည့် ဒုတိယအကြိမ် လေယာဉ်မတော်တဆမှုဖြစ်ကြောင်း သိရသည်။ ဇွန် ၁၅ ရက်ကလည်း နယူးဇီလန် မြောက်ဘက်ကျွန်းတွင် လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွားရာ လေယာဉ်မှူးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117