Connect with us

Europe

ဒိန်းမတ်၏ DONG စွမ်းအင် ကုမ္ပဏီ မှ ၆၆၀ မဂ္ဂါဝပ် ကမ်းလွန် လေအား လျှပ်စစ် စီမံကိန်း လုပ်ဆောင်

တရုတ်နိုင်ငံရှိ Rudong ကမ်းလွန် လေအားလျှပ်စစ် လုပ်ကွက်တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကိုပင်ဟေဂင်၊ အောက်တိုဘာလ ၂၉ ရက် (ဆင်ဟွာ)

ဒိန်းမတ်နိုင်ငံ၏ DONG စွမ်းအင် ကုမ္ပဏီမှ ကမ္ဘာ့အကြီးဆုံး ကမ်းလွန် လေအား လျှပ်စစ် စီမံကိန်းအား တည်ဆောက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။

၆၆၀ မဂ္ဂါဝပ် အား ထုတ်လုပ်ပေးမည့် ဝယ်လ်လေ တိုးချဲ့ ကမ်းလွန် လေအား လျှပ်စစ် ထုတ်လုပ်ရေး လုပ်ကွက်အား ဗြိတိန် နိုင်ငံ အနောက် ကမ်းရိုးတန်း မှ ၁၉ ကီလိုမီတာ အကွာရှိ အိုင်းရစ် ပင်လယ်ပြင်တွင် ဆောက်လုပ်သွားမည် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ကမ်းလွန် လေအား လျှပ်စစ် ထုတ်လုပ်ရေး ဖြစ်လာနိုင်ကာ ၎င်းကို ၂၀၁၈ ခုနှစ်တွင် အပြီးသတ် နိုင်မည်ဟု ခန့်မှန်းထားကြကြောင်း သိရသည်။ DONG စွမ်းအင် ကုမ္ပဏီနှင့် ၎င်း၏ မိတ်ဖက် ကုမ္ပဏီများမှ ၂၀၁၄ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည့် ၆၃၀ မဂ္ဂါဝပ်ရှိ လန်ဒန် Array ကမ်းလွန် လေအား လျှပ်စစ် ထုတ်လုပ်ရေးထက် သာလွန်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်းလွန် လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို ဗြိတိန် အစိုးရ၏ EMR FID လက်အောက်တွင် တည်ဆောက် လုပ်ကိုင်သွားမည် ဖြစ်ပြီး ပထမ ၁၅ နှစ်စာ ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓါတ်အား များကို ဗြိတိန် အစိုးရသို့ ပုံသေ ဈေးနှုန်းဖြင့် ရောင်းချမည့် စာချုပ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။

ဝယ်လ်လေ တိုးချဲ့ ကမ်းလွန် လေအား လျှပ်စစ် ထုတ်လုပ်ရေးသည် ဗြိတိန်ရှိ နေအိမ်ပေါင်း ၄၆၀,၀၀၀ ကျော်အား လျှပ်စစ် ဓါတ်အား ဖြန့်ဝေ ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ကမ္ဘာ့အကြီးဆုံး ဖြစ်လာမည့် အဆိုပါ စီမံကိန်းကို စတင် တည်ဆောက်ခွင့် ရတဲ့အတွက် အလွန် ပီတိ ဖြစ်ရပါကြောင်း DONG စွမ်းအင်မှ အလုပ်အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဆင်မြူရယ် လျူးပေါ်မှ ပြောကြားခဲ့သည်။

DONG စွမ်းအင် ကုမ္ပဏီသည် တာဘိုင် အမျိုးအစား နှစ်မျိုးကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ပထမ တစ်မျိုးမှာ MHI ဗက်စတာ ကမ်းလွန် လေအား လျှပ်စစ် ထုတ်လုပ်ရေးမှ ၈ မဂ္ဂါဝပ် တာဘိုင် အမျိုးအစား အလုံး ၄၀ နှင့် ဒုတိယမှာ စီးမန် ၇ မဂ္ဂါဝပ် ကမ်းလွန် တာဘိုင် ၄၇ လုံး ဖြစ်ကြောင်း သိရသည်။

ဒိန်းမတ် အခြေစိုက် DONG စွမ်းအင်ကုမ္ပဏီသည် ရေနံနှင့် ဓါတ်ငွေ့ထုတ်ဖော်ရေး၊ ကမ်းလွန် လေအား လျှပ်စစ် နှင့် ဓါတ်အားပေး စက်ရုံများ တည်ဆောက်ခြင်းနှင့် လုပ်ငန်းများ လည်ပတ်ခြင်း၊ လူနေ အိမ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် စွမ်းအင် ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ DONG အုပ်စုသည် ၂၀၁၄ ခုနှစ်တွင် အမြတ်ငွေ ယူရို ၉ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.