Connect with us

Europe

စီးရီးအေ ချန်ပီယံဟောင်း အေစီမီလန် အသင်းအား တရုတ် ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရန် သဘောတူညီမှု ရရှိ

အေစီမီလန်အသင်း အီတလီစီးရီးအေ ဆုဖလားဖြင့် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မီလန်၊ မေ ၁၁ ရက် (ဆင်ဟွာ)

အီတလီ စီးရီးအေ ထိပ်တန်း အသင်းဖြစ်သည့် အေစီမီလန် ဘောလုံး အသင်းကို တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအား ရောင်းချသွားရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Fininvest ကုမ္ပဏီက မေလ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

အေစီမီလန် ဘောလုံးအသင်း၏ ရှယ်ယာများကို အများဆုံး ပိုင်ဆိုင်ထားသည့် Fininvest အီတလီ ဆက်သွယ်ရေး ကုမ္ပဏီသည် ၎င်း၏ ရှယ်ယာများကို တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအား ရောင်းချရန် သီးသန့်ကာလ (Period of Exclusivity) ဆွေးနွေးမှု အတွက် သဘောတူညီမှုများ ရရှိထားပြီး ဟုဆိုသည်။ ထို့ပြင် အရောင်းအဝယ် ကိစ္စနှင့် ပတ်သက်၍ MoU နားလည်မှု စာချွန်လွှာကိုလည်း နှစ်ဖက် တာဝန်ရှိသူများက လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း နှင့် အသေးစိတ် ဆွေးနွေးရမည့် အချက်များအတွက် ဆက်လက် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သတင်း ထုတ်ပြန်ထားသည်။
Exclusive ကာလအဖြစ် သတ်မှတ်သော အချိန်ကာလ ပမာဏကို လက်ရှိတွင် ကိုင်တွယ် ဖြေရှင်းနေရသော ကိစ္စများ၏ ရှုပ်ထွေးမှု အနေအထား၊ ကုမ္ပဏီများ၏ လိုအပ်ချက်များ၊ ဘောလုံး ကဏ္ဍတွင် နောက်လာမည့် အချိန်သတ်မှတ်ပြီးသော ကစားပွဲစဉ်များကိုပါ ထင်ဟပ်ပြီး သတ်မှတ်လေ့ ရှိကြောင်း Fininvest ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.