Connect with us

Europe

ကနေဒါနိုင်ငံ အနောက်ပိုင်း တောမီး မထိန်းချုပ်နိုင်ဘဲ ဆက်လက်လောင်ကျွမ်း

လူနေအိမ်များနှင့် နီးကပ်စွာ လောင်ကျွမ်းနေသည့် တောမီးအားတွေ့ရစဉ် (ဆင်ဟွာ)

တိုရန်တို၊ မေ ၇ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ အနောက်ပိုင်း တောမီးလောင်ကျွမ်းမှုမှာ ဆက်လက်ကြီးထွားလာကာ ညတွင်းချင်း ဟက်တာ ၁၀၁, ၀၀၀ ရှိလာခဲ့ပြီး ဖို့မက်မာရေးမြို့မှ ဒေသခံ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့ပေးနေရကြောင်း အယ်လ်ဘာ တာ ပြည်နယ် ဝန်ကြီးချုပ် ရေချယ် နော့တ်လီက မေလ ၆ ရက်က ပြောသည်။

ယခုတစ်ပတ် အစောပိုင်းက ဖို့ မက်မာရေး (Fort McMurray) မြို့မှ ဒေသခံ ၈၈,၀၀၀ ဦးအား ရွှေ့ပြောင်းခဲ့ပြီး ဖြစ်ကြောင်း၊ မြို့၏ မြောက်ဘက်ပိုင်းရှိ ရေနံသဲမြေ (Oil sands)လုပ်ငန်းခွင်ရှိ ယာယီစခန်းမှ ဒေသခံ ၂၅၀၀၀ ဦးအား တောင်ဘက်ပိုင်းသို့ ထပ်မံပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း သိရသည်။
“Fort McMurray မြို့ကို ပြန်လာဖို့က မလုံခြုံတော့ပါဘူး” ဟု နော့တ်လီက ပြောသည်။
တာဝန်ရှိသူများအဆိုအရ ဒေသခံများအား ယာဉ်တန်းများဖြင့် ပြောင်းရွှေ့ပေးနေပြီး အပြီးအစီး ပြောင်းရွှေ့နိုင် ရန် လေးရက်ခန့် အချိန်ယူရမည်ဟု သိရသည်။
ရွှေ့ပြောင်းနေရသူများအတွက် ခေါက်ကုတင် ၇၀၀၀ ခုအား ပေပို့ထားပြီးဖြစ်သလို အခြား ကုတင် ၁၃၀၀၀ ခုမှာလည်း ထပ်မံရောက်ရန်ရှိကြောင်းနှင့် လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရုဒီ (Justin Trudeau) ဖို့မက်မာရေးမြို့သို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြည်သူများက ပေးလှူထားသည့် အလှူငွေမှာလည်း ကနေဒါ ဒေါ်လာ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၃ သန်း) ရှိပြီ ဖြစ်ကြောင်း ကနေဒါနိုင်ငံ ကြက်ခြေနီအသင်းက ပြောသည်။
တိုရန်တိုရှိ တရုတ် လူမျိုးများ အပါအဝင် ပြည်သူများကလည်း ကြက်ခြေနီသို့ ပေးလှူခဲ့ကြကြောင်း ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားခဲ့ပြီး ဖက်ဒရယ် အစိုးရနှင့် အယ်ဘာတာပြည်နယ် အစိုးရကလည်း လှူဒါန်းငွေများ အားလုံးကို ဖို့မက်မာရေးမြို့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြက်ခြေနီအသင်းသို့ ပေးအပ် သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ကြီးမားသည့် တောမီးလောင်ကျွမ်းမှုကြောင့် ၎င်း၏ ထိခိုက်မှုအား တိုင်းတာရန်နှင့် ရေနံသဲမြေ ထုတ် လုပ်အား နှောင့်နှေးသွားမှုများကြောင့် ကနေဒါ စီးပွားရေးအား နှေးကွေးစေနိုင်ကြောင်း၊ ၎င်းဒေသအတွင်း မည်သည့်နေရာတွင်မဆို ရေနံသဲ ထုတ်လုပ်သည့် စည်ပေါင်း ၉၀၀၀၀၀ မှ ၁ သန်းထိ ထွက်ရှိ နေမှုများမှာ လည်း မီးလောင်မှုကြောင့် လက်ရှိအချိန်၌ ရပ်ဆိုင်းသွားနိုင်ကြောင်း စီးပွားရေး ပညာရှင် များက ခန့်မှန်း ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.