Connect with us

Europe

ဆီးရီးယားတွင် ရုရှားတပ်ဖွဲ့များ ပါဝင် တိုက်ခိုက်ခြင်း မရှိဟု ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဝါလစ် အယ်-မိုအန်လန် အား Damascus ရှိ သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဒမာစကက်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဝါလစ် အယ်-မိုအန်လန်က နိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ အတွင်း ဆီးရီးယား စစ်တပ်နှင့် အတူ ရုရှားတပ်သားများ ပါဝင် တိုက်ခိုက်ခြင်း မရှိကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့သည်။

ဆီးရီးယား စစ်တပ် နှင့် အတူ ရုရှား တပ်သားများ ပါဝင် တိုက်ပွဲဝင်နေသည်ဟု စွပ်စွဲပြောဆိုနေသော မီဒီယာများအား ပြန်လည် ချေပသည့် အနေဖြင့် နိုင်ငံပိုင် ရုပ်သံ အစီအစဉ်နှင တွေ့ဆုံရာတွင် ဆီးရီးယား သံတမန် ခေါင်းဆောင်က ယခုဆီးရီးယားတွင် ရုရှား စစ်ရေး ကျွမ်းကျင်သူများနှင့် ပညာရှင်များ ပါဝင်မှုကို ယခုအထိ ကန့်သတ်ထားကြောင်း ပြောကြားခဲ့သည်။

အယ်-မိုအန်လန်က ရုရှားစစ်တပ်နှင့် မြေပြင်၌ ပူးပေါင်း လုပ်ဆောင်ခြင်းနှင့် ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်နှင့် အထောက်အပံ့များ ဖြည့်ဆည်းပေးခြင်း နှင့် အချို့သော လက်နက်များနှင့် ပတ်သက်၍ လေ့ကျင့်ပေးခြင်းတို့ ကို ဆီးရီးယားမှ ရရှိ နေခြင်းမှာ ကွဲပြားခြားနားကြောင်း ရုပ်သံ အစီအစဉ်သို့ ပြောကြားခဲ့သည်။

“ အခု ရုရှားနဲ့ဆီးရီးယား စစ်တပ် မြေပြင်မှာ ပူးပေါင်း ပါဝင် တိုက်ခိုက်ခြင်း မရှိဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်လို့ ပူးပေါင်း တိုက်ခိုက်ရမယ်ဆိုရင် အလေးအနက်ထား စဉ်းစားပြီး ကျွန်တော်တို့တွေ ပူးပေါင်းဖို့ အတွက် အားလုံးကို မေးမြန်းမှာပါ” လို့ ဝန်ကြီးက ပြောကြားခဲ့သည်။

ကမ်းရိုးတန်း မြို့ဖြစ်တဲ့ လာတာကီရာမြို့မှာ ရှိတဲ့ ဘက်ဆဲလ် အယ်-အာဆက် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ရုရှား လေယာဉ်မှူးများ၊ ကျွမ်းကျင် ပညာရှင်များ နှင့် ဒရုန်းအပါအဝင် နည်းပညာမြင့် စစ်ရေး ပစ္စည်း ကိရိယာများ ရောက်ရှိနေခြင်းနဲ့ ပတ်သက်တဲ့ သတင်းများကိုတော့ ဝန်ကြီးမှ အတည်ပြု ပြောကြားရန် ငြင်းဆို ခဲ့ပါတယ်။

“ကျွန်တော် ဒီသတင်းတွေနဲ့ ပတ်သက်ပြီးတော့ အတည်ပြုပေးလို့ မရသလို မဟုတ်ဘူးလို့လဲ ပြောခွင့် မရှိပါဘူး။ ကျွန်တော် ပြောနိုင်တာ တစ်ခုကတော့ ရုရှား စစ်တပ်နဲ့ ဆီးရီးယား စစ်တပ် ပူးပေါင်း လုပ်ဆောင်နေခြင်းဟာ လေးနက် ပြီးတော့ မဟာဗျူဟာကျ ပါတယ်”ဟု ဝန်ကြီးက ပြောသည်။
ထိုနေ့ အစောပိုင်း တွင် ပန်-အာရပ် အယ်-မာရာဒန်း ရုပ်သံ အစီအစဉ်မှ ရုရှားမှ ပို့လိုက်တဲ့ လက်နက် အသစ်တွေဟာ နည်းပညာ မြင့်မား ပြီးတော့ အရည်အသွေး ပြည့်ဝကြောင်းနှင့် ယခုအခု ဆီးရီးယား စစ်တပ်ဟာ ထိုလက်နက်သစ်တွေနဲ့ လေ့ကျင့်မှုတွေ စတင် လုပ်ဆောင်နေပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လာရို့ က စစ်ရေး အထောက်အပံ့တွေ ရှိကြောင်းနှင့် မော်စကိုကနေ ဒမာစကက်ဆီသို့ စစ်ရေးအထောက်အပံ့များ ဆက်လက် ထောက်ပံ့ပေးရန် အတွက် လုပ်ဆောင်နေကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ဒါ့အပြင် ထိုအထောက်အပံ့တွေနဲ့အတူ စစ်ရေးပစ္စည်း ကိရိယာတွေ တပ်ဆင်ရာမှာ ကူညီရန် နှင့် ထိုပစ္စည်းများ အသုံးပြုမှုကို သင်ကြားပေးရန် အတွက် ရုရှား ကျွမ်းကျင်သူတွေလဲ လိုက်ပါလာမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့သည်။

ရုရှားဖက်မှ အခုလို ဆီးရီးယားသို့ စစ်ရေး အထောက်အပံ့များ ပေးပို့ခြင်းသည် နိုင်ငံတကာ ဥပဒေများနှင့် အညီ အကြမ်းဖက်မှု ဝါဒ တိုက်ဖျက်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား အစိုးရတပ်နှင့် Nursra တပ်ဦး၊ IS ကဲ့သို့သော အစွန်းရောက် အုပ်စုများကြား လေးနှစ်တာအတွင် းဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ ဒဏ်ကို ဆီးရီးယားသည် အပြင်းအထန် ခံစားနေရသည်။ (Xinhua)