Connect with us

Europe

တရုတ်နှင့် ပေါ်တူဂီ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး

တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ကျန်းတယ်ကျန်း (ဝဲ) နှင့် ပေါ်တူဂီ လွှတ်တော် ဥက္ကဋ္ဌ Eduardo Ferro Rodrigues တို့အား ဇူလိုင်လ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လစ္စဘွန်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဥပဒေပြုလွှတ်တော်နှင့် ပေါ်တူဂီနိုင်ငံ လွှတ်တော်တို့အကြား နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းအား ထိန်းသိမ်းရန်အတွက် တိုးမြှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပေါ်တူဂီသို့ အလည်အပတ် ရောက်ရှိနေသော တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ၊ အဆင့်မြင့် ဥပဒေပြု လွှတ်တော်အမတ် ကျန်းတယ်ကျန်းက ဇူလိုင်လ ၁၂ ရက်က ပြောကြားခဲ့သည်။

ကျန်းက ပေါ်တူဂီ လွှတ်တော် ဥက္ကဋ္ဌ Eduardo Ferro Rodrigues နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် (NPC) အနေဖြင့် ပေါ်တူဂီ လွှတ်တော်နှင့် လက်တွဲကာ နှစ်နိုင်ငံ ဥပဒေပြု လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ကျန်းက ပြောကြားခဲ့သည်။

ထို့ပြင် ပေါ်တူဂီနိုင်ငံသည် ဥရောပအတွင်း တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုအတွက် အရေးပါသည့် ရည်မှန်းချက် ပန်းတိုင် တစ်ခု ဖြစ်ကြောင်း၊ ပေါ်တူဂီတွင် လုပ်ကိုင်မည့် တရုတ် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ တရားဝင် အခွင့်အရေးများ သေချာစွာ ရရှိစေနိုင်ရန် မျှော်လင့်ကြောင်း ကျန်းက ဆိုသည်။

ပေါ်တူဂီ လွှတ်တော် ဥက္ကဋ္ဌ Eduardo Ferro Rodrigues က တရုတ် ထိပ်တန်း ဥပဒေပြုအမတ် အနေဖြင့် ပေါ်တူဂီနိုင်ငံသို့ ပထမဆုံး လာရောက် လည်ပတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးများနှင့် နှစ်နိုင်ငံအကြား ဥပဒေပြု လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရာတွင် ကြီးမားသော အရေးပါမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု ခရီးစဉ်အား နှစ်နိုင်ငံ အထူးကော်မတီ နှစ်ရပ်အကြား ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ခြင်း အခွင့်အရေး တစ်ရပ်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြှင့်တင်ရန် အကျိုးပြုသော အဖွဲ့များ အဖြစ် အမိအရ ဆွဲကိုင်သွားလိုကြောင်း Rodrigues က ပြောခဲ့သည်။

၎င်းတို့ နှစ်ဦး အစည်းအဝေး မစတင်မီ တရုတ်နိုင်ငံ NPC နှင့် ပေါ်တူဂီ လွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ခုကို ကျန်းနှင့် Rodrigues တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.