Connect with us

Europe

တရုတ်နိုင်ငံက ဥရောပသမဂ္ဂအား ထောက်ခံသွားမည်ဟု ရှီပြောကြား

ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အားတွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ်ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာမာကယ်တို့သည် ဘာလင်မြို့ ၌ ဇူလိုင်လ ၄ ရက်တွင်တွေ့ဆုံခဲ့ပြီး ရှီက တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) တွင် “စုစည်းခြင်း၊ တည်ငြိမ်ခြင်း၊ အကျိုးစီးပွားဖြစ်ထွန်းခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း” တို့ဖြစ်ပေါ်လာစေရန် ထောက်ခံမှုပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက တရုတ်နိုင်ငံ နှင့် ဥရောပသမဂ္ဂ (EU) တို့သည် အရေးကြီးသောကမ္ဘာ့အင်အားများ နှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြကြောင်း၊ နိုင်ငံတကာ အခြေအနေများပိုမို ရှုပ်ထွေးလာသည်နှင့် အမျှ တရုတ်-EU ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုထင်ရှားလာကြောင်း ပြောကြားခဲ့သည်။

ရှီက တရုတ် နှင့် ဥရောပသမဂ္ဂ တို့သည် ငြိမ်းချမ်းရေး၊ ကြီးပွားရေး၊ ပြုပြင်ပြောင်းလဲရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးများကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ တရုတ်-EU ဆက်ဆံရေး အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှု ကို ထိန်းသိမ်းသွားရန် တရုတ်-ဂျာမနီ ဆက်ဆံရေးသည် ခေါင်းဆောင်မှု နှင့် တည်ငြိမ်မှု အခန်းကဏ္ဍနှစ်ခုစလုံးတွင် ပါဝင်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ သည် ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ဇူလိုင် ၄ ရက်တွင် ၎င်း၏ ဒုတိယမြောက် ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ပထမဆုံးခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။ ရှီသည် ဂျာမနီနိုင်ငံတွင်နေထိုင်စဉ်အတွင်း ဟမ်းဘတ်မြို့တွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.