Connect with us

Europe

ပွင့်လင်းသော ကမ္ဘာ့ စီးပွားရေးအတွက် ဆက်လက် ရပ်တည် ကာကွယ်ပေးရန် G20 အား တရုတ် သမ္မတ ရှီ တိုက်တွန်း

၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ ဟန်ကျိုးတွင် ပြုလုပ်ခဲ့သော G20 ထိပ်သီး အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ပွင့်လင်းသော ကမ္ဘာ့ စီးပွားရေး အဆောက်အအုံ တစ်ခု တည်ထောင်ရေးအတွက် G20 (Group of 20) အဓိက စီးပွားရေးနိုင်ငံများအနေဖြင့် ဆက်လက် ရပ်တည် ကာကွယ်ပေးရန် တရုတ်က မျှော်လင့်ပါကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အဆိုပါ မေတ္တာရပ်ခံချက်အား ရှီက ဂျာမနီနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်နှင့် ဟမ်းဘတ်မြို့၌ ပြုလုပ်မည့် G20 ထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် ခရီးမစတင်မီ ဂျာမန် အကြီးတန်း မီဒီယာသို့ ဇူလိုင်လ ၄ ရက်တွင် ဆောင်းပါး ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

“G20 အနေဖြင့် ပွင့်လင်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကတိကဝတ် ထားရှိရန်၊ ကမ္ဘာ့ ကုန်သွယ်မှု အဖွဲ့အစည်း (WTO) နှင့် ဘက်ပေါင်းစုံ ပါဝင်တဲ့ ကုန်သွယ်မှုစနစ် ထောက်ပံ့ရန်နှင့် ကမ္ဘာ့ စီးပွားရေး တိုးတက်မှုအတွက် ဆက်လက် မောင်းနှင်ရန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ထောက်ကူရေးအတွက် လိုအပ်ပါတယ်” ဟု “ကောင်းမွန်သော ကမ္ဘာကြီး တည်ဆောက်ရေး” ဟူ၍ ခေါင်းစဉ်ပေးထားသော ဆောင်းပါး၌ ရှီက ဆိုသည်။

ထို့ပြင် ရှီက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပထမဆုံးသော နိုင်ငံတကာ ဖိုရမ်ဖြစ်သော G20 သည် ပြီးခဲ့သည့် ဟန်ကျိုး အပါအဝင် ယခင် ပြုလုပ်ခဲ့သော ထိပ်သီး အစည်းအဝေးများ၌ ရရှိခဲ့သော သဘောတူညီချက်များ ဆက်လက် လုပ်ဆောင်သွားရန်နှင့် ကမ္ဘာ့ စီးပွားရေးအတွက် ရှေ့ဆက်မည့် နည်းလမ်းများ ဦးဆောင်သွားရန် ရှီက တိုက်တွန်းခဲ့သည်။

“ဒါက နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်” ဟု သမ္မတ ရှှီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.