Connect with us

Europe

ဥရောပသမဂ္ဂမှ ဗြိတိန် ထွက်ခွာမည့်ရက်အား ဇွန်လ ၃၀ အထိ ရွှေ့ဆိုင်းခွင့်ပြုရန် အီးယူသို့ ဗြိတိန် ဝန်ကြီးချုပ် မေ ပြောကြား

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာရေး (Brexit) အား ဇွန်လ ၃၀ ရက်အထိ ရွှေ့ဆိုင်းခွင့်ပြုပေးရန် ဥရောပသမဂ္ဂ (Europen Union) ထံသို့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ (Theresa May) က စာရေးအကြောင်းကြားလိုက်ကြောင်း ဒေသခံမီဒီယာက ဧပြီလ ၅ ရက်က သတင်းဖော်ပြခဲ့သည်။

မေလ ၂၃ ရက်တွင် ပြုလုပ်မည့် ဥရောပ ရွေးကောက်ပွဲများအတွက် ဗြိတိန် အစိုးရ အနေဖြင့် ပြင်ဆင်ရန်ရှိကြောင်း ပြောကြားကာ ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Task) ထံ မေက စာရေးသားခဲ့ခြင်း ဖြစ်သည်။

“ဒီကာလကို ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်မှ အဆုံးသတ်ဖို့ ယူကေက အဆိုပြုလိုက်ပါတယ်။ ဒီရက်မတိုင်မီ ပါတီတွေက အတည်ပြုလိုက်မယ်ဆိုရင် ဒီကာလကို စောစော အဆုံးသတ်ဖို့ အစိုးရက အဆိုပြုလိုက်ပါတယ်” ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Task) ထံ ပေးပို့သောစာ၌ မေက ရေးသားထားသည်။

မေလ ၂၃ ရက်မတိုင်မီ အီးယူမှ ဗြိတိန်ထွက်ခွာခွင့်ပြုကြောင်း လက်မှတ်ရေးထိုးမှုအတွက် အချိန်ဇယားအား ဗြိတိန် အစိုးရက သဘောတူမည် ဖြစ်ကြောင်း၊ သို့သော် အစိုးရအနေဖြင့် ဥရောပရွေးကောက်ပွဲများအတွက် တာဝန်ရှိသော ပြင်ဆင်မှုများ ပြုလုပ်ရန် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.