Connect with us

Europe

တူရကီမှ ဆီးရီးယား ဒုက္ခသည်များအား ချက်သမ္မတနိုင်ငံက တိုက်ရိုက် လက်ခံမည်

ဆီးရီးယား ရွှေ့ပြောင်း ဒုက္ခသည်များ အားတွေ့ရစဉ် (ဆင်ဟွာ)

ပရာ့ဂ်၊ မတ် ၉ ရက် (ဆင်ဟွာ)

ချက်သမ္မတနိုင်ငံ အနေဖြင့် ဆီးရီးယား ဒုက္ခသည်များအား တူရကီနိုင်ငံမှ တိုက်ရိုက် လက်ခံရန် အသင့်ရှိနေ ကြောင်းနှင့် ၎င်းမှာ ဥရောပ သမဂ္ဂ အတွင်း ဒုက္ခသည်များ အကန့်အသတ်ဖြင့် လက်ခံရေး၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ကြောင်း ဝန်ကြီးချုပ် Bohuslav Sobotka က မတ်လ ၈ ရက်က ပြောသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ရွှေ့ပြောင်းဒုက္ခသည် ဆိုင်ရာ ခွဲတမ်းအသစ် သို့မဟုတ် စနစ်သစ်များ ပါဝင်မည် မဟုတ်ကြောင်း၊ ရှိနှင့်ပြီးသား ခွဲတမ်းကိုမူ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း Sobotka ကပြောသည်။

“ဂရိက ဆီးရီးယား ဒုက္ခသည် ဦးရေ ၂၀ သို့မဟုတ် ၃၀ အစား တူရကီက ဆီးရီးယား ဒုက္ခသည် ဦးရေ ၂၀ သို့မ ဟုတ် ၃၀ ပဲကွာသွားတာပါ” ဟု ၎င်းက ပြောသည်။

ထိုသို့ ဆီးရီးယား ဒုက္ခသည်များအား တူရကီမှ လွှဲပြောင်းယူခြင်းသည် ယာယီသာဖြစ်နိုင်ရန် မျှော်လင့်ကြောင်း Sobotka ကပြောကြားခဲ့သည်။

ချက်သမ္မတနိုင်ငံသည် ဂရိနှင့် အီတလီနိုင်ငံများမှ ရွှေ့ပြောင်းသွားလာသူ ၁,၁၀၀ ဦးရေ လက်ခံမည်ဟု ၂၀၁၅ ခုနှစ်က ကတိပြုခဲ့သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် အီးယူက ခွင့်ပြုခဲ့သည့် အဆိုပြုလွှာအရ အီးယူရှိ ဒုက္ခသည် ဦးရေ ၁၆၀,၀၀၀ အား မျှဝေရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ချက်သမ္မတနိုင်ငံသည် ဒုက္ခသည် ၁,၆၉၁ ဦးထက် ပိုမိုလက်ခံရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.