Connect with us

Europe

နော်ဝေနိုင်ငံမှ ဆယ်ကျော်သက် အမျိုးသမီး မြင်းစီးသူ အသက်အငယ်ဆုံး ဘီလျံနာ ဖြစ်လာ

အသက်အငယ်ဆုံးဘီလျံနာ ဖြစ်လာသည့် အမျိုးသမီး မြင်းစီးသူ အလက်ဇန်းဒြား အန်ဒရီဆန် (ဓာတ်ပုံအင်တာနက်)

ပေကျင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

နော်ဝေနိုင်ငံမှ မြင်းစီးသမား အမျိုးသမီး တစ်ဦးသည် ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလျံနာ ဖြစ်လာကြောင်း ဖို့ဘ် မဂ္ဂဇင်း၏ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များ နှစ်ပတ်လည် အညွှန်းတွင် ဖော်ပြထားသည်။

အသက် ၁၉ နှစ်အရွယ် အလက်ဇန်းဒြား အန်ဒရီဆန် (Alexandra Andresen) နှင့် အသက် ၂၀ နှစ်အရွယ် ကက်သရီးနာ (Katharina) ညီအစ်မ နှစ်ဦးတို့အား ၎င်းတို့၏ ဖခင် ဂျိုဟန် အန်ဒရီဆန် (Johan Andresen) ကမိသားစုပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Ferd ၏ ရှယ်ယာ ၄၂ ရာခိုင်နှုန်းစီ လွှဲပေးခဲ့ပြီးနောက် အသက်အငယ်ဆုံး ဘီလျံနာပုဂ္ဂိုလ် ၁၀ ဦးစာရင်းဝင်လာခဲ့သည်။

ထို့ကြောင့် အန်ဒရီဆန်သည် ကိုယ်ပိုင် ကြွယ်ဝချမ်းသာမှု အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံ ရှိကာ ကမ္ဘာပေါ် တွင် ၁၄၇၆ ဦးမြောက် အချမ်းသာဆုံးလူအဖြစ် ပထမဆုံးအကြိမ် စာရင်းဝင်ခဲ့သည်။နော်ဝေ အငယ်တန်း ချန်ပီယံဆု သုံးကြိမ် ရရှိခဲ့ပြီး ဥရောပ အငယ်တန်း မြင်းစီး ချန်ပီယံဆုပေါင်းများစွာ ချီးမြှင့် ခြင်းခံခဲ့ရသည်။

အန်ဒရီဆန် မိသားစုသည် ဆေးရွက်ကြီးနှင့် ဆက်စပ် ထုတ်ကုန်လုပ်ငန်းဖြင့် ကြီးပွား ချမ်းသာလာခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဆေးရွက်ကြီးမှ ထုတ်လုပ်သော စီးပွားရေး လုပ်ငန်း၏ မိသားစု အစုရှယ်ယာအား Skandinavisk Tobakskompagni ကုမ္ပဏီသို့ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ဖြင့် ရောင်းချခဲ့သည်။ ယနေ့တွင် Ferd လုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ များ (Hedge Funds) ဖြင့် လည်ပတ်နေပြီး Nordic စတော့ခ်အိတ်ချိန်း၌ တက်ကြွစွာ လုပ်ကိုင်နေသည့် ရင်းနှီး မြှုပ်နှံသူ တစ်ဦးဖြစ်သလို ကိုယ်ပိုင် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှုများလည်း ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.