Connect with us

Europe

အိုင်အက်စ် စစ်သွေးကြွ ၂၂,၀၀၀ အား မည်သူမည်ဝါ ဖြစ်ကြောင်း ဗြိတိန် မီဒီယာမှ ဖော်ထုတ်နိုင်ခဲ့

အိုင်အက်စ် စစ်သွေးကြွများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

လန်ဒန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

အိုင်အက်စ် (IS) စစ်သွေးကြွ ၂၂,၀၀၀ တို့၏ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် မိသားစု အဆက်အသွယ်များ ပါဝင်သည့် အချက်အလက် အထောက်အထား ထောင်ချီ၍ ရရှိခဲ့ကြောင်း ဗြိတိန်နိုင်ငံ Sky News သတင်း ဋ္ဌာနက မတ်လ ၉ ရက်က သတင်းတင်ပြထားသည်။

အိုင်အက်စ်တွင် ပါဝင်ရန် ဗြိတိန်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅၁ နိုင်ငံရှိ နိုင်ငံသားများမှ ၎င်းတို့ ကိုယ်ရေးကိုယ် တာ အချက်အလက်များအား စွန့်လွှတ်ခဲ့ကြကြောင်း Sky News သတင်းဋ္ဌာနအရ သိရသည်။

အဆိုပါ အချက်အလက်များသည် ယခင်က မသိရှိခဲ့သည့် ဗြိတိန်၊ ဥရောပမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်း ဒေ သ၊ မြောက်အာဖရိက၊ အမေရိကန်နှင့် ကနေဒါနိုင်ငံရှိ ဂျီဟတ်ဝါဒီ အစွန်းရောက်များကို ဖော်ထုတ်နိုင်ခဲ့သည် ဟု ဆိုသည်။

ဖိုင်တွဲများအနက် အာဇာနည်များ “Martyrs” ဟု အမှတ်အသားပြုထားသည့် ဖိုင်တွင် အသေခံဗုံးခွဲရန် ဆန္ဒ ရှိသူ တိုက်ခိုက်ရေးသမားများ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့၏ အချက်အလက် အပြည့်အစုံဖော်ပြထားသည်။

ရရှိခဲ့သည့် စာရင်းပါ ဖုန်းနံပါတ်များထဲမှ အချို့မှာ လက်ရှိ သုံးစွဲနေဆဲ နံပါတ်များ ဖြစ်ပြီး ၎င်းတို့တွင် မိသားစု ဝင်များ ကိုင်ဆောင်ထားသည့် နံပါတ်များ ပါဝင်နိုင်သော်လည်း နံပါတ်အများစုကို ဂျီဟတ်ဝါဒီ စွဲကိုင်သူများ ကိုယ်တိုင် အသုံးပြုသည်ဟု ယုံကြည်ရကြောင်း သတင်းက ဖော်ပြထားသည်။
အဆိုပါ ဖိုင်များမှာ အိုင်အက်စ် အတွင်းပိုင်း လုံခြုံရေးခေါင်းဆောင်ပိုင်းမှ ခိုးယူခဲ့သည့် Memory stick တစ်ခုမှ တဆင့် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း Sky News သတင်းဋ္ဌာနက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.