Connect with us

Europe

တူရကီသမ္မတ Erdogan အဆင့်မြင့်ဆွေးနွေးမှုများပြုလုပ်ရန် ရုရှားသို့အလည်အပတ်သွားရောက်မည်

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogen (ဝဲ) နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် (ယာ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

အန်ကာရာ၊ မတ် ၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogen သည် ရုရှားနိုင်ငံသို့ မတ်လ ၁၀ ရက်တွင် လာရောက် လည်ပတ်ကာ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း တူရကီသမ္မတရုံးက မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မော်စကိုမြို့တွင် ပြုလုပ်မည့် ၆ကြိမ်မြောက် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုကောင်စီ အစည်းအဝေး သို့ Erdogen နှင့် ပူတင် တို့အပြင် နှစ်ဖက်စလုံးမှ အစိုးရဝန်ကြီးများတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်ဖက် ခေါင်းဆောင်များသည် ဆီးရီးယားအရေးကိစ္စကို အဓိကထား၍ ဒေသတွင်း နှင့် နိုင်ငံတကာ အရေးကိစ္စများ နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းထုတ်ပြန်ချက်၌ တူရကီသမ္မတ ၏အလည်အပတ်ခရီးစဉ်အတွင်း သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ပြီး တူရကီ-ရုရှား ဆက်ဆံရေးကို ပိုမို ဖွံ့ဖြိုးတိုးတက်လာစေနိုင်မည်ဟု မျှော်လင့်ကြောင်းပါရှိသည်။

ခေါင်းဆောင် နှစ်ဦးသည် ၂၀၁၆ခုနှစ် သြဂုတ်လတွင်နောက်ဆုံးတွေ့ဆုံခဲ့ကြောင်းသိရသည်။

ဆီးရီးယား-တူရကီ နယ်စပ်တွင် ရုရှားဂျက်လေယာဉ်တစ်စီးအား ပစ်ချခဲ့မှုနှင့် ပတ်သက်၍ တူရကီနိုင်ငံက တောင်းပန်ပြီးနောက် ၂၀၁၆ခုနှစ်တွင် နှစ်နိုင်ငံ သည် ပြန်လည်သင့်မြတ်ရေးဖြစ်စဉ် စတင်ခဲ့ကာ နှစ်နိုင်ငံကြား တင်းမာမှုများ ပြေပျောက်သွားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.