Connect with us

Europe

မာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်အတွင်း တူရကီအပြေးသမား သေဆုံး

အသက် ၃၆နှစ်အရွယ် အပြေးသမား Zeynel Murat Batur အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ မတ် ၆ ရက် (ဆင်ဟွာ)

မတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သော ၁၂ကြိမ်မြောက် Runatoliaနိုင်ငံတကာအန်တယ်ရာမာရသွန်ပြိုင်ပွဲ တွင် တူရကီအပြေးသမားတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း Dogan သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။

အသက် ၃၆နှစ်အရွယ် အပြေးသမား Zeynel Murat Batur သည် ပန်းတိုင်ရောက်ရန် ၅၀၀မီတာခန့်အလို တွင် မြေပြင်ပေါ်သို့လဲကျခဲ့ပြီး ဆေးအဖွဲ့က အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးရခြင်းအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိရှိခြင်းမရှိသေးကြောင်းနှင့် ၎င်းအား ရင်ခွဲစစ်ဆေးပြီးမှသာလျှင် သေဆုံးရခြင်းအကြောင်းရင်းကို သိနိုင်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

Runatoliaနိုင်ငံတကာအန်တယ်ရာမာရသွန်ပြိုင်ပွဲအား အန်တယ်ရာပြည်နယ်တောင်ပိုင်းတွင် မတ် ၅ရက်က ၁၂ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး မာရသွန်တစ်ဝက်အပြေးပြိုင်ပွဲတစ်ပွဲ၊ ၁၀ကီလိုမီတာအပြေးပြိုင်ပွဲတစ်ပွဲ နှင့် မသန်စွမ်းအပြေးပြိုင်ပွဲတစ်ပွဲ ပါဝင်ခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ နှင့် အခြားနိုင်ငံများမှ ကြေးစားအပြေးသမား နှင့် အပျော်တမ်းအပြေးသမား စုစုပေါင်း ၁၁,၂၀၀ယောက် မာရသွန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.