Connect with us

Europe

အမေရိကန် ၏ ဆောင်ရွက်မှုများ က ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာရန် အတွက် ခက်ခဲသည့် စိန်ခေါ်မှုများ ဖြစ်စေကြောင်း အီတလီ ဝန်ကြီးချုပ်ဟောင်း ပြောကြား

အီတလီ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Massimo D'Alema အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရိုးမား ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ဥရောပတိုက် အီတလီ လူမျိုးများ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ၊ အီတလီ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Massimo D’Alema က အမေရိကန် နိုင်ငံ အနေဖြင့် ၎င်း၏ အဓိက ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံများ အား ကုန်သွယ်ရေး ပွတ်တိုက်မှုများ မကြာခဏ ဆောင်ရွက်ခြင်းသည် ကုန်သွယ်မှု ဆက်ဆံရေး အား ထိခိုက်စေသည့် အပြင် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာရန် အတွက်လည်း ခက်ခဲသည့် စိန်ခေါ်မှုများ ဖြစ်ပွားစေခဲ့ကြောင်း တရုတ် နိုင်ငံ သတင်းမီဒီယာ များ၏ မေးမြန်းမှု အား ဖြေကြားရာတွင် ပြောကြား ခဲ့သည်။

Alema က အမေရိကန် ဆောင်ရွက်နေသည့် ကုန်သွယ်ရေး အငြင်းပွားမှုများ က ဥရောပတိုက်ရှိ နိုင်ငံ အသီးသီး အပြင် ကမ္ဘာ့ နိုင်ငံ အသီးသီး ၏ အကျိုးစီးပွား ကို ထိခိုက်စေခဲ့ကြောင်း ၊ ကုန်သွယ်ရေး အငြင်းပွားမှု တွင် အနိုင်ရရှိသူ ဟူ၍ မရှိဘဲ အမေရိကန် နိုင်ငံ ၏ စက်မှုလုပ်ငန်း ကိုလည်း ထိခိုက်စေမည် ဖြစ်ကာ မည်သူမှ ကုန်သွယ်ရေး အငြင်းပွားမှု ၌ အကျိုးအမြတ် ရရှိနိုင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး အငြင်းပွားမှု နှင့် ပတ်သက်၍ အီတလီ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း က အခွန်တိုးမြှင့်ခြင်းဖြင့် ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားအောင် ဆောင်ရွက်ခြင်း သည် အန္တရာယ် များသည့် ဆောင်ရွက်မှု ဖြစ်ပြီး ထိရောက်မှုလည်း မရှိကြောင်း ၊ လွတ်လပ်စွာ ကုန်သွယ်ရေး ကို ထိန်းသိမ်းသွားပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အောက်တွင် ပဋိပက္ခ ကို ဖြေရှင်းသွားရမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ ကဲ့သို့ တရုတ် နိုင်ငံ အား ဦးတည်၍ ကုန်သွယ်ရေး စစ်ပွဲ ဆောင်ရွက်မှုမျိုး မပြုလုပ်သင့်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ်ဟောင်း က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် အနေဖြင့် ကုန်သွယ်ရေး ပြဿနာ အား ဖြေရှင်းနိုင်သည့် နည်းလမ်းအား ရှာဖွေပေးနိုင်ပြီး တန်းတူညီမျှသည့် ဖြေရှင်းမှု နည်းလမ်းဖြစ်စေရန် အာမခံ နိုင်ကြောင်း အထူး ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.