Connect with us

Europe

လန်ဒန်မြို့တွင် ဓားထိုးမှုကြောင့် လူ ၁ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရရှိ

လန်ဒန်မြို့ ရဲတပ်ဖွဲ့တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ အနောက်တောင်ပိုင်း ရှိ ပါဆန်ဂရင်း မြေအောက်ဘူတာရုံအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် ဓားထိုးမှုကြောင့် လူ ၁ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း လန်ဒန်မြို့အရေးပေါ်ဋ္ဌာနက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

တိုက်ခိုက်မှုသည် အောက်တိုဘာ ၁၆ရက် ည ရး၃၅နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓားထိုးခံရသူ ၃ဦးစလုံးသည် အမျိုးသားများဖြစ်ပြီး ဒဏ်ရာရရှိသူ ၂ဦးကို အခင်းဖြစ်ပွားရာ၌ပင် ဆေးကုသပေးခဲ့ကာ တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က ပါဆန်ဂရင်းမြေအောက်ဘူတာရုံ တွင် အမျိုးသားအချို့ ဓားထိုးခံရကြောင်း သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ သွားရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါဆန်ဂရင်းတိုက်ခိုက်မှုသည် အကြမ်းဖက်မှုနှင့် ဆက်စပ်နေခြင်း မရှိကြောင်း လန်ဒန်မြို့ အရေးပေါ်ဋ္ဌာနကပြောကြားခဲ့သည်။

လန်ဒန်မြို့လယ် ခရိုင်ရထားဘူတာရုံ၌ နံနက်ပိုင်း ယာဉ်ကြောပိတ်ဆို့ချိန်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး တစ်လအကြာတွင် ယခုလိုဓားထိုးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.