Connect with us

Europe

ချက်နိုင်ငံအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စအား တာဝန်ခွဲယူမည်မဟုတ်ဟု ဆို

သင်္ဘောပေါ်၌ ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဗယ်လက်တာ ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ)

ချက်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စအား တာဝန်ခွဲယူရမည် ဟူသော ဆောင်ရွက်ချက်ကို လက်ခံမည်မဟုတ်ဟု မော်လ်တာသမ္မတနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေသည့် ချက်နိုင်ငံ ဝန်ကြီးချုပ် Andrej Babiš က သြဂုတ် ၂၈ ရက်တွင် ပြောကြား ခဲ့သည်။

ချက်နိုင်ငံသည် ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စအား ကူညီဖြေရှင်းပေးရန် စီစဉ်ထားသော်လည်း တာဝန်ခွဲဝေယူရန်ကိုတော့ လက်ခံမည်မဟုတ်ကြောင်း၊ Schengen Agreementကို ပြုပြင်ပြောင်းလဲ ရန် ဆွေးနွေးရမည်ဖြစ်ကြောင်း ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဥရောပတိုက်၌ဒုက္ခသည်အကျပ်အတည်းဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံအသီးသီးက လူဝင်မှုကြီးကြပ်ရေးပေါ်လစီများကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့သော်လည်း ဥရောပတိုက် အနေဖြင့် ဖြေရှင်းရန် တသမတ်တည်းထိရောက်သည့် နည်းလမ်းမျိုးတော့ မရှိသေးကြောင်း သိရ သည်။ ပိုလန်၊ ဟန်ဂေရီ၊ ချက်၊ သြစတြီးယားစသည့်နိုင်ငံများက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ များကို တားဆီး နှိမ်နှင်းရန် သဘောထားကို လက်ကိုင်ထားပြီး ဥရောပတိုက်အတွင်း ရွှေ့ပြောင်း နေထိုင်သူများအား တာဝန်ခွဲဝေယူရန်ကို ဆန့်ကျင်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.