Connect with us

Europe

နိုင်ငံတကာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး တရုတ်နိုင်ငံက အသင့်ရှိဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် အမျိုးသား ကာကွယ်ရေးဝန်ကြီး Wei Fenghe အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နိုင်ငံများစွာနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိပြီး အကျိုးကျေးဇူး မျှဝေမှုရှိသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဝန်ကျင် တစ်ခု တည်ထောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် အမျိုးသား ကာကွယ်ရေးဝန်ကြီး Wei Fenghe က ဧပြီလ ၄ ရက်က ပြောကြားခဲ့သည်။

အခြားနိုင်ငံများနှင့်အတူ ငြိမ်းချမ်းသော လမ်းစဉ်များမှတစ်ဆင့် ဘုံ လုံခြုံရေးနှင့် အငြင်းပွားမှုများအား ဖြေရှင်းရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ သတ္တမအကြိမ်မြောက် မော်စကို ညီလာခံတွင် Wei က ပြောခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံနှင့် ယခုနှစ်အတွင်း ပြုလုပ်ခဲ့သော အစည်းအဝေးကြီး နှစ်ခုလုံး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းသို့ လိုက်လျှောက်ရန်နှင့် အနာဂတ်မျှဝေမှုရှိသော လူသားမျိုးနွယ် တစ်ရပ်နှင့်အတူ လူမှုအသိုက်အဝန်း တစ်ခု တည်ဆောက်မှု မြှင့်တင်ရန် ထင်ထင်ရှားရှားပြသခဲ့ကြောင်း Wei က ဆိုသည်။

တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာကြီး တိုးတက်မှုနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအား ထိန်းသိမ်းလိုက်နာရန် ထောက်ပံ့ပေးသူအဖြစ် ရပ်တည်မည် ဖြစ်ကြောင်း ကတိပြုခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း Wei သည် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.