Connect with us

Europe

လန်ဒန်တွင် အကြမ်းဖက်ရာဇဝတ်မှုမကြာခဏဖြစ်ပွားသောကြောင့် ၃ လ ကျော်အတွင်း သေဆုံးသူ ၅၀ ရှိ

လန်ဒန်မြို့ အကြမ်းဖက်ရာဇ၀တ်မှုဖြစ်ပွားသည့်နေရာသို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓာတ်ပုံ- အင်တာနက်)

လန်ဒန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ဧပြီလ ၂ ရက်နေ့ ညပိုင်းက လန်ဒန်မြို့အတွင်း သေနတ်မှန်ဒဏ်ရာရသည့် အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ဦး ၃ ရက်နေ့တွင် သေဆုံးခဲ့သည်ဟု လန်ဒန်ရဲတပ်ဖွဲ့က ဧပြီလ ၄ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။ ယခုနှစ်အတွင်း လန်ဒန်မြို့၌ အကြမ်းဖက်ရာဇဝတ်မှုကြောင့်သေဆုံးရသူ ၅၀ ရှိပြီ ဖြစ်ကြောင်း ၊ ၎င်းမှာ ၂၀၀၅ ခုနှစ်မှ ယခုနှစ်အထိ နှစ်စဉ်ထိုကာလအတွင်းဖြစ်ပွားခဲ့သော ရာဇဝတ်မှု အရေအတွက်အများဆုံးဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ်အတွင်း လန်ဒန်တွင် အကြမ်းဖက်ရာဇဝတ်မှုများ မကြာခဏဖြစ်ပွားခဲ့ရာ ၃ လကျော်အတွင်း သေဆုံးသူ ၅၀ ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ၃၄ ဦးမှာ ဓားဒဏ်ရာ ၊ ၇ ဦးမှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးခြင်းဖြစ်ပြီး ၁၀ ဦး မှာ အရွယ်မရောက်သေးသူများဖြစ်ကြောင်း၊ ယခုကဲ့သို့ ရာဇဝတ်မှုများကို ထိရောက်စွာကာကွယ်တားဆီးမှု များ မပြုပါက ယခုနှစ်တွင် လူသတ်မှု ၁၈၀ ကျော် သွားနိုင်ကြောင်း ဒေသခံသတင်းမီဒီယာများက ရေးသား ထားသည်။

မကြာသေးမီနှစ်များအတွင်း လန်ဒန်မြို့လမ်းများ၌ ဓားကိုင်သတ်ဖြတ်မှု၊ အက်ဆစ်နှင့်တိုက်ခိုက်မှုနှင့် မော်တော် ဆိုင်ကယ် စီးလုယက်မှုစသည့် အကြမ်းဖက်ရာဇဝတ်မှုဖြစ်ပွားနှုန်း တိုးလာရာ ယမန်နှစ်က ရာဇဝတ်မှု ၁၁၆ မှု ရှိခဲ့သည်။ ယခုကဲ့သို့ အကြမ်းဖက်ရာဇဝတ်မှုကျူးလွန်မှုများကို ကြိုတင်ကာကွယ်ရန် လန်ဒန်မြို့တွင်း လမ်းများ ၌ လုံခြုံရေး စစ်ဆေးမှုများတိုးမြှင့်ဆောင်ရွက်ရန် လန်ဒန်မြို့တော်ဝန် Sadiq Khanက ယခုနှစ်နှစ်ဦးပိုင်း ကတည်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.