Connect with us

Europe

ကြီးမားလာသည့် ရွှေ့ပြောင်း ဒုက္ခသည်များ အရေး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ရန် ဟန်ဂေရီနှင့် မက်ဆီဒိုနီးယား နိုင်ငံခြားရေး ဝန်ကြီးများ ထုတ်ဖော်ပြောကြား

မက်ဆီဒိုနီးယား နယ်စပ်အား ဖြတ်သန်းပြီးနောက် ဆာဗီးယားနိုင်ငံ ပြည်ဝင်ခွင့် စစ်ဆေးခံရန် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းဒုက္ခသည်များ အားတွေ့ရစဉ် (ဆင်ဟွာ)

ဘူဒါပတ်စ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရွှေ့ပြောင်း ဒုက္ခသည်များ ထုထည် ကြီးမားလာခြင်း၏ သက်ရောက်မှုများအား မက်ဆီဒိုနီးယားနိုင်ငံ အပါအဝင် ဆက်စပ်မှုရှိနေသည့် နိုင်ငံများနှင့်အတူ စည်းစည်းလုံးလုံးနှင့်် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး ပီတာ ဇိုင်ဂျာတို (Peter Szijjarto) က ထုတ်ဖော် ပြောကြားလိုက်သည်။

မက်ဆီဒိုနီးယား နိုင်ငံခြားရေး ဝန်ကြီး နီကိုလာ ပေါ့ပိုစကီး (Nikola Poposki) နှင့် တွေ့ဆုံအပြီး သတင်းစာရှင်း လင်းပွဲ၌ ဇိုင်ဂျာတိုက အီးယူအဖွဲ့ဝင် မက်ဆီဒိုနီးယားနှင့် နေတိုး (NATO) ပေါင်းစည်းခြင်းဆိုင်ရာ လုပ်ငန်းစဉ် အတွက် ဟန်ေ၈ရီ အနေဖြင့် အပြည့်အဝ ကတိပြုကြောင်းလည်း ပြောကြားခဲ့သည်။

ဥရောပသည် ဒုက္ခသည် ပဋိပက္ခ ရင်ဆိုင်နေရကာ မက်ဆီဒိုနီးယားသည်လည်း ရွှေ့ပြောင်းသွားလာရ လမ်းကြောင်း၏ အလယ်တွင် ကျရောက်နေသည်။ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ချက်နှင့် ပိုလန်နိုင်ငံတို့ ပါဝင်သည့် Visegrad Group သည် အီးယူနှင့် မက်ဆီဒို နီးယားနိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုထားကြောင်း သိရသည်။

အီးယူ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံတစ်ခုအတွက် ဒုက္ခသည် ဝန်ထုပ်ဝန်ပိုးအား တာဝန်ယူရန်မှာ လက်မခံနိုင် ကြောင်း၊ ၎င်း၏ နိုင်ငံ အနေဖြင့် ဆီးရီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံများမှ ဒုက္ခသည် အစစ်အမှန်များ ဖြစ်ပါက ဝင်ခွင့်ပြုရန် အသင့်ရှိကြောင်း ဇိုင်ဂျာတိုက ပြောကြားခဲ့သည်။
မက်ဆီဒိုနီးယား နိုင်ငံ နယ်စပ်အား ကာကွယ်ရန် ပစ္စည်း ကိရိယာများနှင့် လူအင်အား အပါအဝင် လိုအပ်သည့် မည်သည့် အရာကိုမဆို ဟန်ဂေရီက ထောက်ပံ့ပေးမည်ဟု ဆိုသည်။

ထို့ပြင် မတ်လတွင် ဟန်ဂေရီ ရဲအရာရှိများသည် မက်ဆီဒိုနီးယားသို့ သွားရောက်ရန်ရှိပြီး အရေအတွက်ကိုမူ မပြောသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.