Connect with us

Europe

ပါလီမန်ဥက္ကဋ္ဌသစ် ရွေးချယ်မှုကို မကျေနပ်၍ မက်ဆီဒီုးနီးယားပါလီမန်အတွင်းသို့ ဆန္ဒပြသူများဝင်ရောက်စီးနင်း

ပါလီမန်ဥက္ကဋ္ဌသစ်ရွေးကောက်မှုအပေါ် ဆန့်ကျင်ဆန္ဒပြသူများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက်ဆီဒိုးနီးယား၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

SDSM ပါတီ နှင့် အယ်လ်ဘေးနီးယားပါတီငယ် သုံးခု မှ ပါလီမန်အမတ်များသည် အယ်လ်ဘေးနီးယားပါတီငယ်တစ်ခုဖြစ်သော DUI ပါတီမှ Tallat Xhaferi အား ပါလီမန်ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခဲ့ပြီးနောက် ဥက္ကဋ္ဌသစ်ရွေးချယ်မှုအား မကျေနပ်သော ဆန္ဒပြသူများသည် မက်ဆီဒိုးနီးယား ပါလီမန် အဆောက်အအုံအတွင်းသို့ ဧပြီ ၂၇ ရက် နေ့လည်ပိုင်းက အတင်းဝင်ရောက်လာခဲ့ကြကြောင်းသိရသည်။

မက်ဆီဒိုးနီယားမီဒီယာတစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်မှုအရ VMRO-DPMNE ပါတီအားထောက်ခံသော ဆန္ဒပြသူများသည် SDSMပါတီမှ ပါလီမန်အမတ်များကို အစည်းအဝေးခန်းမတစ်ခုအတွင်း ပိတ်ဆို့ထားပြီး ၎င်းတို့အား ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများပင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသူများတွင် SDSMပါတီခေါင်းဆောင် Zoran Zaev လည်းပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အစိုးရသစ်အဖွဲ့ဝင်အများစုကို ဆန့်ကျင်ကန့်ကွက်သူများသည် Skopje မြို့ရှိ လမ်းမများပေါ်တွင် လွန်ခဲ့သည့် နှစ်လ ကတည်းက ဆန္ဒပြခဲ့ကြပြီး SDSM ပါတီ နှင့် အယ်လ်ဘေးနီးယားပါတီ သုံးခုဖြစ်သော DUI, Besa နှင့် Allinance for the Albanians ပါတီများ ပူးပေါင်း၍ အစိုးရဖွဲ့ခြင်းကို ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Tallat Xhaferi သည် ပါလီမန်အမတ်များ၏ စုစုပေါင်း ဆန္ဒမဲ ၁၂၀ အနက် ဆန္ဒမဲ ၆၂မဲ ဖြင့် ပွတ်ကာသီကာ ရွေးကောက်ခံရခြင်းဖြစ်ပြီး VMRO DPMNE ပါတီ က ယင်းရွေးကောက်ပွဲအား အာဏာသိမ်းမှုတစ်ခု အဖြစ်ခေါ်ဆိုခဲ့သည်။ ဆန္ဒပြသူများသည် ပါလီမန်အဆောက်အအုံ ၏ ခန်းမများအတွင်း၌ ရှိနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.