Connect with us

Europe

ပဲရစ်က ဗလီရှိ လူအုပ်ထဲ ကားမောင်းဝင်ရန် ကြိုးစားသူ အမျိုးသား တစ်ဦး ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပဲရစ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အမျိုးသား တစ်ဦးသည် ဇွန်လ ၂၉ ရက် ညနေပိုင်းက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အရှေ့တောင်ဘက် Creteil ဗလီရှေ့ရှိ လူအုပ်အတွင်းသို့ ကားမောင်းဝင်ရန် ကြိုးစားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်း စီရင်စုဆိုင်ရာ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သံသယရှိသူ အမျိုးသားသည် ၎င်း မောင်းနှင်လာသည့် ကားဖြင့် ဗလီအား ကာရံထားသည့် နံရံများနှင့် ဂိတ်ပေါက်များအား ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်း ဖြစ်ရပ်တွင် ထိခိုက်မည့်သူများ မရှိကြောင်း သတင်းဖော်ပြထားသည်။

ရဲတပ်ဖွဲ့က အတားအဆီးများအား ဖယ်ရှားနိုင်ခြင်းမရှိသဖြင့် ယာဉ်မောင်းသူမှာ ပလက်ဖောင်းအား ထပ်မံတိုက်မိကာ ထွက်ပြေးသွားခဲ့ပြီး ၎င်း၏ နေအိမ်၌ပင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ပြင်သစ် မီဒီယာ၏ ဖော်ပြချက်အရ ယင်း အမျိုးသားမှာ Bataclan ကဇာတ်ရုံနှင့် Champs-Elysees ရိပ်သာလမ်း အကြမ်းဖက် တိုက်ခိုက်ခံရခြင်းအပေါ် လက်စားချေလိုခြင်းကြောင့် ယခုလို လုပ်ဆောင်ခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.