Connect with us

Europe

ရုရှား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ခြင်း ဆောင်ရွက်မှု ကို အီးယူ မှ ၆ လ ထပ်မံ သက်တမ်း တိုးမြှင့်

ရုရှား နိုင်ငံ သမ္မတ ပူတင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ဥရောပ ကောင်စီ က အီးယူ အနေဖြင့် Minsk သဘောတူညီမှု စာချုပ်သည် ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ခြင်းမရှိဟု သတ်မှတ်သည့် အတွက် ရုရှား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လ သက်တမ်း ထပ်မံ တိုးမြှင့်မည်ဟု ဆုံးဖြတ်လိုက်ကြောင်း ဇွန်လ ၂၈ ရက်နေ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။

အီးယူ မှ ရုရှား နိုင်ငံ အား အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ရာ တွင် အဓိကအားဖြင့် ငွေကြေး ၊ စွမ်းအင် ၊ ကာကွယ်ရေး နှင့် စစ်ဘက်ဆိုင်ရာ ကဏ္ဍ ကုန်ပစ္စည်းများ တို့ဖြစ်ပြီး ရုရှား နိုင်ငံ မှ စွမ်းအင် ကုမ္ပဏီ ၃ ခု ၊ ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီ ၃ ခု ၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း ၅ ခုနှင့် ၎င်းတို့မှ ရှယ်ယာချုပ်ကိုင်ထားသည့် ကုမ္ပဏီ များအား အီးယူ အတွင်းရှိ အခြေခံ နှင့် ဒုတိယ ဈေးကွက် အတွင်းတွင် ဝင်ရောက်ရန် ကို ပိတ်ဆို့ခဲ့ကြောင်း ၊ အီးယူ အဖွဲ့ဝင် များနှင့် ရုရှား နိုင်ငံ အကြား လက်နက် ကုန်သွယ်မှု ကို တားမြစ်ကြောင်း ၊ ရုရှား နိုင်ငံ အား ရေနံ နှင့် ပတ်သက်သော ရှာဖွေမှု နှင့် တူးဖော်မှု ဆိုင်ရာ နည်းပညာ နှင့် ဝန်ဆောင်မှု များ ပေးအပ်ရန် ကန့်သတ်ကြောင်း ၊ ရုရှား နိုင်ငံ သို့ စစ်ဘက် နှင့် အရပ်ဘက် တွင် စစ်ရေးအရ အသုံးပြု နိုင်သည့် ကုန်စည်များ တင်သွင်းမှု ကို ကန့်သတ်ကြောင်း စသည် တို့ ပါဝင် ခဲ့သည်။

၂၀၁၄ ခုနှစ် ဇူလိုင်လ တွင် အီးယူ က ရုရှား နိုင်ငံ အနေဖြင့် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း မတည်ငြိမ်မှု ဆောင်ရွက်ခဲ့သည် ဟူသည့် အကြောင်းပြချက်ဖြင့် စီးပွားရေး ပိတ်ဆို့အရေးယူမှု ကို ဆောင်ရွက် ခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ တွင် စီးပွားရေး ပိတ်ဆို့အရေးယူမှု မှ တစ်ဆင့် တိုးချဲ့ပိတ်ဆို့မှု များဆောင်ရွက်ခဲ့ပြီး အရေးယူမှု ကာလ ကို အကြိမ်ကြိမ် တိုးမြှင့် ဆောင်ရွက်ခဲ့သည်။ ရုရှား နိုင်ငံ မှ လည်း အီးယူ နိုင်ငံ များအပေါ် ပြန်လည် ပိတ်ဆို့အရေးယူမှု များဆောင်ရွက် ခဲ့ပြီး အီးယူ အဖွဲ့ဝင် နိုင်ငံ များမှ စိုက်ပျိုးရေး ထွက်ကုန်များ ရုရှား နိုင်ငံ သို့ တင်ပို့မှု ကို တားမြစ် ခဲ့သည်။

၂၀၁၅ ခုနှစ် မှ စတင်၍ အီးယူ က ရုရှား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု သတ်တမ်းသည် Minsk သဘောတူညီမှု စာချုပ် အကောင်အထည် ဖော်မှုပေါ်တွင် မူတည်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Minsk သဘောတူညီမှု စာချုပ် သည် ဂျာမနီ ၊ ရုရှား ၊ ပြင်သစ် ၊ ယူကရိန်း စသည့် ၄ နိုင်ငံ မှ ချုပ်ဆိုခဲ့သည့် သဘောတူညီမှု စာချုပ် ဖြစ်ပြီး ယူကရိန်း နိုင်ငံ အရှေ့ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ် ဖြစ်သည်။ အီးယူ မှ Minsk သဘောတူညီမှု စာချုပ် ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိဟု သတ်မှတ်ပြီး အရေးယူ ပိတ်ဆို့မှု ကို ၃ ကြိမ် တိုးမြှင့် ခဲ့ဖူးပြီး နောက်ဆုံး သက်တမ်း မှာ ၂၀၁၇ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ အထိ ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.