Connect with us

Europe

ယူကရိန်းအရေး နှင့် ပတ်သက်၍ ရုရှားနှင့် ဆွေးနွေးပြောကြားရန် အမေရိကန် စိတ်ဝင်စား

ပဋိပက္ခဖြစ်ပွားနေသည့် Donbas ဒေသ မှ ယူကရိန်းတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိဗ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ရုရှားနိုင်ငံ နှင့် ဆက်လက်ဆွေးနွေးမှုများပြုလုပ်သွားရန် စိတ်ဝင်စားနေကြောင်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေသည့် ယူကရိန်းအရေးညှိနှိုင်းဆွေးနွေးရေးဆိုင်ရာ အမေရိကန်အထူးသံတမန် Kurt Volker၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာက ဖေဖော်ဝါရီ ၂၇ ရက်တွင်ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှု နှင့် အချုပ်အခြာအာဏာပိုင်စိုးမှု တို့ကိုပြန်လည်တည်ဆောက်ရန် ရုရှားနိုင်ငံ နှင့် ဆွေးနွေးညှိနှိုင်းမှုများ ရှေ့ဆက်လုပ်ဆောင်သွားရန် စိတ်ဝင်စားကြောင်း၊ ယခုအချိန်မှ စ၍ စတင်ဆွေးနွေးနေကြောင်း၊ ပထမဆုံး အနေဖြင့် Donbas ဒေသ နှင့် ပတ်သက်၍ ဆွေးနွေးနေကြောင်း Volker ၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းနိုင်ငံပိုင် Ukrinform သတင်းဌာနကဖော်ပြခဲ့သည်.

အမေရိကန်နိုင်ငံ သည် ယူကရိန်းနိုင်ငံရှိ ဒေသတွင် လူသားချင်းစာနာထောက်စာမှု အခြေအနေများ နှင့် အချုပ်အခြာအာဏာပိုင်စိုးမှုကို ပြန်လည်တည်ဆောက် နိုင်သည့်အထိ ယူကရိန်းနိုင်ငံကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Volker ကပြောကြားခဲ့သည်။

၂၀၁၄ခုနှစ် ဧပြီလမှစ၍ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donbas ဒေသတွင် အစိုးရတပ်ဖွဲ့ဝင်များ နှင့် ခွဲထွက်ရေးသောင်းကျန်းသူများအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် သောင်းကျန်းသူများအားထောက်ပံ့ပေးခြင်း နှင့် ပဋိပက္ခဖြစ်ပွားရာ ဧရိယာများသို့ တပ်ဖွဲ့ဝင်များ ပို့လွှတ်ပေးနေကြောင်း ယူကရိန်းနိုင်ငံ က ကာလကြာရှည်စွာ ပြစ်တင်စွပ်စွဲခဲ့သော်လည်း ရုရှားနိုင်ငံက ကြိမ်ဖန်များစွာ ငြင်းဆိုခဲ့ပြီး ယင်းပဋိပက္ခ၌ ရုရှားနိုင်ငံ ပါဝင်နေသည့် သက်သေအထောက်အထားများ ယူကရိန်းနိုင်ငံအနေဖြင့် ပြသနိုင်ခြင်းမရှိကြောင်း ရုရှားက တုံ့ပြန်ပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.