Connect with us

Europe

ပြင်သစ် နိုင်ငံ တွင် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရမည့် နေရာများကို တိုးချဲ့ သွားမည်

ပြင်သစ် နိုင်ငံ တွင် ကပ်ရောဂါ ဖြစ်ပွား နေစဉ် အတွင်း နှာခေါင်းစည်း တပ်၍ သွားလာနေသူ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ ဝန်ကြီးချုပ် Jean Castex က သြဂုတ် ၁၁ ရက် ၌ ပြောကြားရာတွင် နိုင်ငံအ တွင်း ကပ်ရောဂါ အခြေအနေ က ပိုမို ဆိုးရွားလာသဖြင့် အများပြည်သူ သွားလည်သည့် နေရာတိုင်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရမည့် နေရာများကိုတိုးချဲ့သွားရမည် ဖြစ်ပြီး လူပေါင်း ၅ ထောင် အထက် မစုစည်းရသည့် ကန့်သတ်ချက် ကိုလည် အောက်တိုဘာ ၃၀ ရက် အထိ တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြသစ် နိုင်ငံ သမ္မတ Emmanuel Macron က သြဂုတ် ၁၁ ရက် ၌ COVID-19 ရောဂါ ရင်ဆိုင်ဖြေရှင်းရေး နှင့် နိုင်ဂျာ နိုင်ငံ တိုက်ခိုက်ခံရမှု နှင့် ပတ်သက်၍ ဗီဒီယို အစည်းအဝေး ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး အပြီး တွင် Macron က ပြင်သစ် နိုင်ငံသားများအား ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်သည့် ကန့်သတ်ချက်များကို လိုက်နာရန် နှင့် သတိပြုကြရန် အွန်လိုင်းမှ တစ်ဆင့် ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ ဝန်ကြီးချုပ် Jean Castex က အစည်းအဝေး အပြီး ဆေးဘက်ဆိုင်ရာ စင်တာ များသို့ သွားရောက် စစ်ဆေးရာတွင် လွန်ခဲ့သည့် နှစ်ပတ် အတွင်း ပြင်သစ် နိုင်ငံ ၌ ကပ်ရောဂါ အခြေအနေ ပိုမို ဆိုးရွားလာခဲ့ပြီး နေ့စဉ် ရောဂါ ကူးစက်ခံရမှု နှင့် ရောဂါအခြေအနေ ဆိုးရွားလာသည့် လူနာ အရေအတွက် များစွာ တိုးမြင့်လာခဲ့ကြောင်း ၊ ပြည်နယ်အသီးသီး ၏ အုပ်ချုပ်ရေးမှူးများ အနေဖြင့် နှာခေါင်းစည်း တပ်ဆင်ရမည့် နေရာ အတိုင်းအတာ ကို တိုးချဲ့သွားရမည် ဖြစ်ပြီး အလုပ်သမား ဝန်ကြီး နှင့် ဘဏ္ဍာရေးဝန်ကြီး တို့အား အတတ်နိုင်ဆုံး ပြည်သူများ လုပ်ငန်းဆောင်ရွက်ရာ တွင် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရမည့် နည်းလမ်းကို ရှာဖွေစေခဲ့ကြောင်း ၊ ပြင်သစ် နိုင်ငံ ပြည်သူများအနေဖြင့် ကပ်ရောဂါ နှင့် ပတ်သက်၍ မြင့်မားစွာ သတိပြုခြင်း ကို ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း က lockdown ပြန်လည် မပြုလုပ်စေရန် ဖြစ်ကြောင်း ၊ ရောဂါစစ်ဆေးမှု စနစ် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်သွားရန် ကတိပြုပြီး သီးသန့်ခွဲခြားထားရှိမှု ကို ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပြင်သစ် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီ အတွင်း ပြင်သစ် နိုင်ငံ ၌ ရောဂါ ကူးစက်ခံရသူ ၁,၃၉၇ ဦး တိုးမြင့် ခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၀၄,၁၇၂ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း ၊ ရောဂါကြောင့် သေဆုံးသူ ၁၅ ဦး တိုးမြင့်ခဲ့ပြီး စုစုပေါင်း ၃၀,၃၅၄ ဦး အထိ ရောက်ရှိခဲ့ကာ ရောဂါ မှ ပြန်လည်သက်သာလာသူ ၈၂,၈၃၆ ဦး ရှိလာကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.