Connect with us

Europe

အမေရိကန်သမ္မတအိမ်ဖြူတော်အပြင်ဘက်၌ ပစ်ခတ်မှုဖြစ်ပွား ၊ သမ္မတထရမ့် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ အစောင့်ရှောက်ဖြင့် ခေတ္တအပြင်ဘက်သို့ တိမ်းရှောင်ခဲ့ရ

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်အား အိမ်ဖြူတော်ရှေ့သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်(ဆင်ဟွာ)

 ဝါရှင်တန် ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော်အပြင်ဘက်၌ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရရှိခဲ့ပြီးနောက် အိမ်ဖြူတော်အတွင်း ပြုလုပ်နေဆဲ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သမ္မတဒေါ်နယ်ထရမ့်သည် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များ၏ အစောင့်ရှောင်ဖြင့် ခေတ္တ ခဏ အပြင်ဘက်သို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“ အဲဒီမှာ ပစ်ခတ်မှုတစ်ခု တကယ် ဖြစ်ပွားခဲ့တယ် ၊ လူတစ်ယောက် ဆေးရုံတင်လိုက်ရတယ် ။ အဲဒီလူရဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျွန်တော် မသိသေးဘူး” ဟု သမ္မတထရမ့်က ခေတ္တရှောင်တိမ်းပြီး မိနစ်အနည်းငယ်အကြာ သတင်းစာရှင်းလင်းပွဲခန်းမသို့ ပြန်လည်ရောက်ရှိပြီးနောက်  အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“ ကြည့်ရတာတော့ လုံးဝ ထိန်းချုပ်ထားနိုင်ပါပြီ” “ အပစ်ခံလိုက်ရတာက သံသယရှိသူပဲ ” ဟု ထရမ့်က ဆိုသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း ၊ ပစ်ခတ်မှုကြောင့် သူ့အား လျှို့ဝှက် အေးဂျင့်များက အိမ်ဖြူတော်ဘဲဥပုံရုံးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သမ္မတက ဆက်လက်ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားချိန်တွင် ထရမ့်သည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာသတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်နေပြီး လှိျု့ဝှက်အေးဂျင့်များက ယင်းသတင်းစာရှင်းလင်းပွဲထဲသို့ ဝင်ရောက်၍ ၎င်းအား အခန်းထဲမှ ထွက်ခွာရန်ပြောဆိုပြီးနောက် ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်သည်။အိမ်ဖြူတော်အကြီးတန်းအရာရှိတစ်ဦးက CNN သတင်းဌာနသို့ပြောကြားရာတွင် ပစ်ခတ်မှုသည် အိမ်ဖြူတော်အပြင်ဘက် Lafayette ရင်ပြင်၌ သာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် သေနတ်သမားကို ဖမ်းချုပ်ထားကြောင်း ဆိုသည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.