Connect with us

Europe

ရုရှားက နိုင်ငံတကာ အာကာသယာဉ်မှူးများ လိုက်ပါသည့် အာကာသယာဉ်အား နိုင်ငံတကာအာကာသစခန်း သို့ လွှတ်တင်

ရုရှားနိုင်ငံက လွှတ်တင်ခဲ့သည့် Soyuz MS-02 အာကာသယာဉ်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် အာကာသယာဉ်မှူး ၃ဦးလိုက်ပါသွားသည့် Soyuz MS-02 အာကာသယာဉ်အား နိုင်ငံတကာအာကာသစခန်း (ISS) သို့ အောက်တိုဘာ ၁၉ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ အာကာသသိပ္ပံ နှင့် အာကာသစူးစမ်းလေ့လာရေး Roscosmos က ထုတ်ပြန်ခဲ့သည်။

Soyuz MS-02 အာကာသယာဉ်အား Soyuz-FG သယ်ဆောင်ရေးဒုံးပျံဖြင့် မော်စကိုစံတော်ချိန် ၁၁း၀၅နာရီတွင် ကာဇက်စတန်နိုင်ငံ Baikonur ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ကြောင်း Roscosmos ကပြောကြားခဲ့သည်။

ယင်းအာကာသယာဉ်၌ ရုရှားလူမျိုးအာကာသယာဉ်မှူး Sergey Ryzhikov နှင့် Andrey Borisenko တို့အပါအဝင် အမေရိကန်အာကာသယာဉ်မှူး Shane Kimbrough စုစုပေါင်း ၃ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်း (ISS) သို့ အောက်တိုဘာ ၂၂ရက် ဂရင်းနစ်စံတော်ချိန် 1000 GMT ၌ ရောက်ရှိမည်ဟုခန့်မှန်းရကြောင်း Roscosmos ကပြောကြားခဲ့သည်။

နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် အာကာသယာဉ်လွှတ်တင်ခြင်းအား စက်တင်ဘာလ က ရွှေ့ဆိုင်းထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.