Connect with us

Europe

အိုလံပစ် အားကစား ဆုတံဆိပ်များကို သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စွာ ပြုလုပ်ထား

ရီယို ၂၀၁၆ အိုလံပစ် အားကစား ဆုတံဆိပ်များနှင့် ဆုတံဆိပ် ထည့်သွင်းမည့် သေတ္တာအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီ ဂျနေးရိုး၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

အိုလံပစ် ဆု တစ်ခု ရဖို့ဆိုသည်မှာ အားကစားသမားတိုင်း အထူးသဖြင့် ရီယို ဒီ ဂျနေးရိုးတွင် ကျင်းပမည့် ၂၀၁၆ ခုနှစ် အိုလံပစ်နှင့် နိုင်ငံတကာ မသန်စွမ်း အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား ၁၀,၅၀၀ ဦး၏ အိမ်မက်များပင် ဖြစ်သည်။

အရည်အချင်း လုံလောက် ပြည့်မီပြီး ဆုချီးမြှင့်သည့် စင်မြင့်ပေါ်သို့ တက်ရောက်နိုင်ခဲ့သူသည် ပြန်လည်သုံးစွဲ နိုင်သော သတ္တု အပါအဝင် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်စွာ ဒီဇိုင်းဆန်းသစ်ထားသည့် ဆု အား ပေးအပ် ချီးမြှင့်ခြင်းခံရမည် ဖြစ်သည်။

အဆိုပါ အကြံဉာဏ်အား ရီယို ၂၀၁၆ ဒီဇိုင်းဋ္ဌာနက ဦးစွာ ရရှိခဲ့ကာ နိုင်ငံ၏ ငွေကြေး ထုတ်လုပ်ရာနေရာ ဖြစ်သော ဘရာဇီး ဒင်္ဂါးသွန်းရုံ၌ အကောင်အထည်ဖော်ခဲ့သည်။ ၂၀၀၇ ခုနှစ် Pan- American Games နှင့် ရီယို ၂၀၁၁ ကမ္ဘာ့ တပ်မတော် အားကစား ပြိုင်ပွဲများအတွက် ဆုတံဆိပ်များအား ၎င်းနေရာ၌ပင် ထုတ်လုပ်ခဲ့သည်။ ယခုလည်း တစ်ခုလျှင် အလေးချိန် ၅၀၀ ဂရမ်ရှိသော ရီယို ၂၀၁၆ ဆုတံဆိပ်ပေါင်း ၅,၃၀၀ ကို ယင်းနေရာ၌ပင် ထုတ်လုပ်မည် ဖြစ်သည်။

အစဉ်အလာအတိုင်း ဆုတံဆိပ်များ၏ တစ်ဖက်တွင် ရီယို ၂၀၁၆ အမှတ်တံဆိပ်နှင့် အိုလံပစ် ကွင်း ၅ ကွင်းတို့အား အောင်မြင်မှု အထိမ်းအမှတ်အဖြစ် ဆင်မြန်းသည့် လော်ရယ် သစ်ရွက်သရဖူက ဝန်းရံထားသည့် ပုံစံ ဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဂရိ အောင်မြင်ခြင်း နတ်ဘုရားမ Nike ၏ရုပ်တုအား သွန်းလုပ်ထားသည်။ မသန်စွမ်း အားကစားသမား များအတွက် ဆုတံဆိပ်များတွင်မူ Rio 2016 Olympic Games ဟူသော စာတန်းအား လက်ဖြင့်စမ်း၍ ဖတ်နိုင်သည့်စာ အဖြစ် ထည့်သွင်း ပြုလုပ်ထားကြောင်း သိရသည်။

ထို့ပြင် အမြင်အာရုံချို့တဲ့သည့် အားကစားသမားများအား ၎င်းတို့ ဆုတံဆိပ်၏ အသံကို ကြားနိုင်စေရန် မသန်စွမ်း အားကစားသမားများ၏ ဆုတံဆိပ်များအတွင်း ခေါင်းလောင်းငယ်လေးများ ထည့်သွင်းထားပြီး ရွှေတံဆိပ်ဆုတွင် ပါဝင်သည့် ခေါင်းလောင်သံသည့် အသံ ပိုကျယ်ကာ အခြား ငွေနှင့် ကြေးတံဆိပ်များတွင်မူ အသံ အနည်းငယ် တိုးသော ခေါင်းလောင်းများ ပါဝင်သည်ဟု ဆိုသည်။

ထို့ပြင် ဆုတံဆိပ်များ ထည့်သွင်းသည့် သေတ္တာများကိုလည်း ရေရှည်တည်တံ့သော သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး တာဝန်ခံမှုရှိကြောင်း အသိအမှတ်ပြုထားသည့် စိုက်ပျိုးမှုများမှ ထုတ်လုပ်သော သစ်သားဖြင့်သာ ပြုလုပ်ထားကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117