Connect with us

Europe

အမေရိကန်တွင် FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းကော်မီ နှိပ်စက်ညှင်းပန်းခံရပါက ရုရှားအနေဖြင့် နိုင်ငံရေးခိုလှုံခွင့်ပေးရန် အသင့်ရှိကြောင်း ပူတင်ပြောကြား

ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့ (FBI) ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းကော်မီ အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FBI) ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းကော်မီ အား နှိပ်စက်ညှင်းပမ်းမှုများရှိလာပါက ၎င်းအား ရုရှားနိုင်ငံ ၌ ခိုလှုံခွင့်ပေးရန် ရုရှားအနေဖြင့် ဆန္ဒရှိပါကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇွန်လ ၁၅ ရက်တွင်ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့က လွန်ခဲ့သည့်လတွင် ကော်မီအား ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အမေရိကန်နိုင်ငံသား အက်ဒ်ဝပ် စနိုဒန် ကဲ့သို့ပင် ပြုမူဆောင်ရွက်ခဲ့ကြောင်း ရုရှားသမ္မတ က “ဗလာဒီမာပူတင် နှင့် တိုက်ရိုက်ဆွေးနွေးခန်း” အမည်ရှိ ရုပ်သံအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။

စနိုဒန်သည် အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီ အတွက် ကာလတစ်ခုအထိ စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ပေးခဲ့သော ကွန်ပြူတာကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်ပြီး ရုရှားနိုင်ငံ တွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းသည် အမေရိကန်၏ လျှို့ဝှက်မှတ်တမ်း ထောင်ပေါင်းများစွာကို မီဒီယာသို့ ချပြခဲ့ပြီးနောက် ၂၀၁၃ခုနှစ် တွင် ရုရှားနိုင်ငံသို့ ထွက်ပြေးလာခဲ့ကြောင်း သိရသည်။

ပူတင် က အမေရိကန်တွင် ကော်မီအား ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်မည်ဆိုပါက ရုရှားအနေဖြင့် ၎င်းအား နိုင်ငံရေးခိုလှုံခွင့်ပေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ ပြောကြားချက်အရ ၂၀၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း ဟီလာရီကလင်တန်၏ အီးမေးလ်စုံစမ်းစစ်ဆေးမှု တွင် ကော်မီ ကိုင်တွယ်စစ်ဆေးခဲ့ပုံနှင့် ပတ်သက်၍ ၎င်းအား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် FBI ညွှန်ကြားရေးမှူးဟောင်း က ထရမ့်၏ မဲဆွယ်မှုများအတွင်း ရုရှား ပါဝင်ပတ်သက်နေမှုကို စစ်ဆေးခဲ့သည့်ကိစ္စကြောင့် ရာထူးမှ ထုတ်ပယ်ခံရသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် သမ္မတရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ကော်မီ၏ စုံစမ်းစစ်ဆေးမှု နှင့် ပတ်သက်၍ ပူတင်က ကော်မီတွင် သက်သေအထောက်အထားများ မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.