Connect with us

Europe

အရှေ့ဂျာမနီ နှင့် အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းရေးတွင် အရေးပါသူ ဖြစ်ခဲ့သော ဂျာမနီ ဝန်ကြီးချုပ်ဟောင်း Helmut Kohl ကွယ်လွန်

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Helmut Kohl အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Helmut Kohl သည် ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဝန်ကြီးချုပ်ဟောင်း သည် အသက် ၈၇ နှစ် ရှိခဲ့ကြောင်း သိရှိရသည်။

ဂျာမနီ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဝန်ကြီးချုပ်ဟောင်း Helmut Kohl သည် ဂျာမနီ နိုင်ငံ အနောက်တောင်ပိုင်း Ludwigshafen မြို့ရှိ နေအိမ် အတွင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Helmut Kohl သည် ၁၉၃၀ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် ဂျာမနီ ခရစ်ယာန်ဘာသာ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (CDU) တို့ဝင်ရောက်ခဲ့ကာ ၁၉၇၃ ခုနှစ် မှ ၁၉၉၈ ခုနှစ် အထိ CDU ပါတီ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။၁၉၈၂ ခုနှစ် အောက်တိုဘာ လ မှ ၁၉၉၈ ခုနှစ် အောက်တိုဘာလ အထိ ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် တာဝန်ကိုလည်း ထမ်းဆောင် ခဲ့သည်။

Helmut Kohl သည် အရှေ့ဂျာမနီ နှင့် အနောက်ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက်တွင် ဝန်ကြီးချုပ်တာဝန် ကို သက်တမ်း အရှည်ကြာဆုံး ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ် တစ်ဦး ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.