Connect with us

Europe

ရိုမေးနီးယားနိုင်ငံ၏ နောက်ဆုံးဘုရင် Mihai I သက်တော် ၉၆ နှစ်အရွယ်တွင် နတ်ရွာစံ

ရိုမေးနီးယားနိုင်ငံ၏ နောက်ဆုံးဘုရင် Mihai I အား ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဘူချာရတ်စ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

ရိုမေးနီးယားနိုင်ငံ၏ ဘုရင်ဟောင်း သက်တော် ၉၆ နှစ်အရွယ်ရှိပြီဖြစ်သော Mihai I သည် ဆွစ်ဇာလန်နိုင်ငံရှိ အိမ်တော်တွင် နတ်ရွာစံသွားပြီဖြစ်ကြောင်း ရိုမေးနီးယား တော်ဝင်အိမ်တော်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘုရင်ဟောင်း Mihai I နတ်ရွာစံချိန်၌ မင်းသမီး မာရီယာရှိနေခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ဘုရင်ဟောင်း Mihai I ကျန်းမာရေးအခြေအနေ မကောင်းကြောင်း တော်ဝင်အိမ်တော်က နိုဝင်ဘာလ ၈ ရက်တွင် ကြေညာခဲ့သည်။

နတ်ရွာစံ ဘုရင်ဟောင်း Mihai I ၏ တော်ဝင်ဈာပနအခမ်းအနားအား အသေးစိတ် အိမ်ရှေ့စံ မင်းသမီး မာဂရက်တာက ကြေညာမည် ဖြစ်ကြောင်း ရိုမေးနီးယား တော်ဝင်အိမ်တော်ထံမှ သိရသည်။ ရိုမေးနီးယားဘုရင် Mihai I သည် ၁၉၂၇ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၁၉၃၀ ခုနှစ် ဇွန်လ ၈ ရက်အထိ တစ်ကြိမ်၊ ၁၉၄၀ ခုနှစ် စက်တင်ဘာလ ၆ ရက်မှ ရိုမေးနီးယား ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေညာလိုက်သည့် ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်အထိ ထီးနန်းစိုးစံခဲ့ကြောင်း သိရသည်။ (Xinhua)